ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေး ခရိုင်၊ ကလေးဝမြို့နယ်အတွင်း၌ (၁၈-၈-၂၀၁၇)ရက်နေ့မှ (၂၀-၈-၂၀၁၇) ရက်နေ့ထိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု (၁၀၁) စုနှင့် လူဦးရေ (၄၆၇) ဦးတို့ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ထောက်ပံ့ရန်ကျန်ရှိသည့် လူဦးရေ (၁၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၂,၈၀၀) ကျပ်တို့အား (၂၅-၈-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)