Author Archives: Hlaing ChoOo

  • UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

    ၉-၁၁-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၆-၁၁-၂၀၁၇) ရက်နေ့တွင် သီလဝါပြည်တွင်းစက်မှုဇုန်ကော်မတီနှင့် လုပ်ငန်းရှင်များကငွေကျပ် သိန်း (၂၀) ကိုလည်းကောင်း၊ (၉-၁၁-၂၀၁၇) ရက်နေ့တွင် Myanmar EducareCo.Ltd. International School of Myanmar (ISM) က ငွေကျပ် သိန်း (၁၀၀)ကိုလည်းကောင်း လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး … Read more

  • UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

    ၈-၁၁-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏  လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ လှူဒါန်းငွေကျပ် သိန်း (၁၀၀) ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ နက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။  

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ၌ (၆-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် စ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၃၀၀) ကျပ်တို့အား (၈-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:          ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ရခိုင်ပြည်နယ်သိုလှောင်ရုံကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ပေါင်းစပ် လုပ်ငန်းဆောင်ရွက်မှုသတင်း

    ၂၅-၁၀-၂၀၁၇ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေသည်(၂၅-၁၀-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသိုလှောင် ရုံတွင် ပစ္စည်းများ စနစ်တကျထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၌တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များမှ နေအိမ်အတွက်လှူဒါန်းမည့် ပန္နက်တင်အခမ်းအနားခရီးစဉ်နှင့် ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ် အတွက် ဆောင်ရွက်ထားရှိမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။    

Sign Up

Upcoming Events