Author Archives: Hlaing ChoOo
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၂၉-၁-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၆) လုံးအတွက် (၁) တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၈၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ ကပ်သပြေကျေးရွာအုပ်စု၊ ပြားတဲကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၂) ဦးခန့်အား ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများ အား ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ နွားကူးကျေးရွာ၊ အလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား/ကျောင်းသူ (၁၅၆) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့၊ ဟိုယာကျေးရွာ၌ ပြည်သူလူထု (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် သတ်မှတ်ထား သော မြေနေရာသို့ ပြောင်းရွှေ့သူများအတွက် တဲ (၁) တဲလှျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ပြောင်းရွှေ့ပြီးသည့် တဲ (၉) လုံးအတွက် စုစုပေါင်း (၂၇၀,၀၀၀) ကျပ်အား (၂၈-၁-၂၀၁၈) ရက်နေ့တွင် ရတနာနယ်မြေပြန်လည် နေရာချထားရေးကွပ်ကဲရေးရုံး၌ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ရတနာနယ်မြေ ပြန်လည် နေရာချထားရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး) မှ (၂၈-၁-၂၀၁၈) ရက်နေ့မှ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ညွှန်ကြားရေးချုပ်ဖြစ်သူ သံအမတ်ကြီး H.E. Mr. Manuel Sager နှင့် UN Women(Myanmar) မှ Ms. Jean D’ Cunha တို့ သီးခြားစီတွေ့ဆုံပြီး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေး
၂၆-၁-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ညွှန်ကြားရေးချုပ်ဖြစ်သူသံအမတ်ကြီး H.E. Mr. Manuel Sager နှင့် UN Women(Myanmar) မှ Ms. Jean D’ Cunha တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီလာ ရောက်တွေ့ဆုံပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ညွှန်ကြားရေးချုပ် ဖြစ်သူ သံအမတ်ကြီး H.E. Mr. Manuel Sager က ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ရုံးတုံးကျေးရွာအုပ်စု၊ ကွင်းလျားကျေးရွာ၌ (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း Family Kits (၂၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား(၂၆-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူ များလက်ဝယ်အရောက် … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈) ရက်နေ့တွင် ခန္တီးမြို့၊ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၈၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောပို့ချခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လူဦးရေ (၂၀၀) ဦးအား ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးတို့နှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အကြောင်း အရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
