Author Archives: Hlaing ChoOo

  • မီးဘေးထောက်ပံ့မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ရေနံကြီးကျေးရွာ၌ (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၂၇-၁-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ ဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ရေနံကြီးကျေးရွာ၌ (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၂၇-၁-၂၀၁၈) ရက်နေ့ တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ ဘေးသင့် အိမ်ခြေ (၄) လုံးအတွက် သက္ကယ်မိုး ထရံ နေအိမ် (၂) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၀၀,၀၀၀) ကျပ်၊ သွပ်မိုး … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဗိုလ်ကြွှမ်ဘိ ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထု များ စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃၁-၁-၂၀၁၈) ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၃၁-၁-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့်တဲအိမ် (၁၆) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၈၀,၀၀၀) ကျပ် တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အင်းဝကျေးရွာအနောက်ဘက်လမ်းတွင် (၂၇-၁-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးနှင့် Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂,၁၀၀) ကျပ်တို့အား (၃၁-၁-၂၀၁၈) ရက်နေ့ တွင် … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာအုပ်စုရှိ ရေလုပ်ငန်း လုပ်ကိုင်နေသူများ၊ လပွတ္တာမြို့ပေါ်ရှိ ရေလုပ်ငန်းရှင်များ စုစုပေါင်း (၃၀) ဦးခန့်အား သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြန်လည်ထူထောင်ရေး အလေးထားဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

    ၃၁-၁-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် အသစ်ဖွင့်လှစ် သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေနွေးပွဲကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ပြည်သူတိုက်ရိုက်အကျိုးရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးအရ ရပ်တည်ရန်ခက်ခဲသော … Read more

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် အ.ထ.က (၅) ထားဝယ်၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များဝေငှပေး ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ထားဝယ်မြို့၊ ကညှံရပ်၊ မြေတိုက်ကျောင်းလမ်း၌ (၂၉-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား (၃၁-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events