တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြန်လည်ထူထောင်ရေး အလေးထားဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

၃၁-၁-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် အသစ်ဖွင့်လှစ် သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေနွေးပွဲကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ပြည်သူတိုက်ရိုက်အကျိုးရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးအရ ရပ်တည်ရန်ခက်ခဲသော လူမှုရေးပြဿနာများနှင့် ရင်ဆိုင်နေရသော ကလေးသူငယ်များ၊ မသန်စွမ်း သူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ တောင်းရမ်းစားသောက်နေသူများ၊ လမ်းပေါ်နေသူများ၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သော ဘေးဒဏ်ခံစားရသူများ၊ လူ့အသိုက်အဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး အဟန့်အတား အကန့် အသတ် ဖြစ်နေသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ထိရောက်စွာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသုံးသပ်ရာ ပြန်လည်ထူထောင် ရေး အပိုင်းတွင် ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို လက်ရှိဖွဲ့စည်းပုံအင်အားမှ ထုတ်နှုတ်၍ ဖွင့်လှစ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်သည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းရင်းသားအများစု နေထိုင်ရာပြည်နယ်များတွင် ငြိမ်းချမ်းရေးအတွက် အဓိကဆောင် ရွက်နေကြရကြောင်း၊ ထိုဒေသများရှိ တိုင်းရင်းသားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ တိုင်းရင်းသားများနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ အားလုံးအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းသည် အလွန်အရေးကြီးကြောင်း၊ ပြန်လည်ထူထောင်ရေးအပိုင်းသည် ဖွံံ့ဖြိုးရေးနှင့်ဆက်စပ်လျက်ရှိပါသဖြင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိသည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယခုလိုဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး၏ ပြည်ထောင်စ သဘောတူစာချုပ်အပိုင်း(၁)တွင် ကဏ္ဍကြီး(၄)ရပ်၌ မူဝါဒ သဘောတူညီချက်(၃၇) ချက်ကို ဖေါ်ထုတ်ခဲ့ပါကြောင်း၊ အဆိုပါ (၃၇)ချက်အနက် လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက် (၄)ချက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် အဓိက အချက်အနေဖြင့် ပါဝင်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး အပြည့်အဝဖေါ်ဆောင်နိုင်ရန် ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရေး သည် အရေးကြီးပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု အသစ်ဖွင့်လှစ်သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဆက်စပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိသည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဖော်ထုတ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသား လူမျိုးများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို မကြာမီက ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းရင်းသားများ၏လိုအပ်ချက် များကို ဖေါ်ထုတ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြား ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေး တက်ရောက်လာသူများက ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events