မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ရေနံကြီးကျေးရွာ၌ (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၂၇-၁-၂၀၁၈) ရက်နေ့ တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ ဘေးသင့် အိမ်ခြေ (၄) လုံးအတွက် သက္ကယ်မိုး ထရံ နေအိမ် (၂) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၀၀,၀၀၀) ကျပ်၊ သွပ်မိုး ပျဉ်ကာ နေအိမ် (၂) လုံးအတွက် တစ်အိမ်လှျှင် (၂၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၂၇,၃၀၀) ကျပ်တို့ အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် အောင်လံမြို့နယ်၊ ထွေ/အုပ်ရုံးသို့ သွားရောက်၍ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events