Author Archives: Hlaing ChoOo
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၁၁-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂၀၂၀၁၈) ရက်နေ့ တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်အတွင်းရှိ ပြည်သူလူထု (၉၀) ဦးအား ငလျင်ဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်း၊ ဘေးနှင့် ပတ်သက်သည့် ဗီဒီယို ပြသခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး လက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၅) စု၊ လူဦးရေ (၅၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂၃,၉၀၀) ကျပ်တို့အား (၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၈-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၄) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၃၃၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ ကလုံးကျေးရွာမှ ပြည်သူလူထု (၁၃၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူငယ်ရေးရာမူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း
၈-၂-၂၀၁၈၊ နေပြည်တော် Danish Institute for Parties and Democracy (DIPD) မှ ဦးဆောင်၍ ပါတီစံ ဒီမိုကရေစီ အစီအစဉ်တွင်ပါဝင်သော နိုင်ငံရေးပါတီပေါင်းစုံမှ လူငယ် (၄၀) ဦးတို့အား လူငယ်ရေးရာမူဝါဒလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအေဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “လူငယ်များ၏ ကြိုးပမ်းမှုကြောင့် ယခုအခါ လူငယ်များကိုယ်တိုင်ရေးဆွဲသော လူငယ် ရေးရာမူဝါဒပေါ်ထွက်လာပြီးဖြစ်ပါကြောင်း၊ ယခုရောက်ရှိလာကြသောလူငယ်များသည် လူငယ်မူဝါဒ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပသုတ်ကျွန်းကျေးရွာ၌ (၆-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရလူနာ (၄) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် … Read more
-
ဟင်္သာတသင်တန်းကျောင်း (DMTC) သို့ NEWZELAND သံရုံးမှ တာဝန်ရှိသူများ လာရောက်လေ့လာမှုသတင်း
Massey University ၏ New Zealand joint center for Disaster Research အစီအစဉ်မှ Dr Jane Rovins နှင့် Mr Brewster ဦးဆောင်သော အဖွဲ့ဝင်များသည် (၆-၂-၂၀၁၈) ရက်နေ့တွင် သင်ရိုးများ Update ဖြစ်ရန်ပြင်ဆင်ရေးနှင့် နယူးဇီလန်နိုင်ငံမှ အသိအမှတ်ပြု အောင်လက်မှတ် ဒီပလိုမာများပေးအပ်နိုင်ရေး တို့အတွက် DMTC ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတသင်တန်းကျောင်း(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၈-၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ် ကျေးရွာအုပ်စု၊ ရဲဒီကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာ၌ ပြည်သူထူထု (၇၀) ဦးအား ငလျင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဗီနိုင်းပိုစတာပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
