Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မအူပင်မြို့နယ် ရေနံချောင်းကျေးရွာနှင့် သရက်တောကျေးရွာတို့၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂)အိမ်ထောင်စာ၊ တစိတ် တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-) ကျပ်နှင့် … Read more
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်း မြို့နယ်၊တံခွန်တိုင်ကျုံဝါးကျေးရွာအုပ်စု၊ ပျဉ်ထောင်စုကျေးရွာ၌ (၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အားလည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ ဒေါင့်ချောင်းကျေးရွာ၌ (၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်နှင့် ဒဏ်ရာရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-)ကျပ်အား လည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တိုဆိပ်ကျေးရွာအုပ်စု၊ … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ဖရူဆို မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မဈေးတွင် လည်းကောင်း လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအတွက် (၅×၄) ပေ အသိပညာပေးဗီနိုင်းများကို ချိတ်ဆွဲခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_may2018
-
ထိုင်းနိုင်ငံ ဘန်ပနွိုင်းဆွိုင်းစခန်းရှိ တိုင်းရင်းသားပြည်သူ (၂၀) ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံရေး အခမ်းအနားနှင့် ထောက်ပံ့မှုသတင်း
ထိုင်းနိုင်ငံဘန်ပနွိုင်းဆွိုင်းစခန်းရှိ တိုင်းရင်းသားပြည်သူ (၂၀) ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံရေး အခမ်း အနားကို မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ (၇-၅-၂၀၁၈) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာဖိုးနှင့် ခရီးစရိတ်စုစုပေါင်း (၁,၆၄၄,၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kit (၄) အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #kyh_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယား ပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာ၌ (၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-) ကျပ်တို့အား (၇-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #kyh_may2018
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ပေါက်ဆိန်ကျကျေးရွာ၊ ကဒုံကနိ သစ်တောကြိုးဝိုင်းတွင် သစ်တောအလုပ်သမားတစ်ဦး မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိခဲ့သောကြောင့် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်အား (၉-၅-၂၀၁၈) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကဒုံကနိကျေးရွာ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များမှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may2018
-
မကွေးမြို့နယ်အတွင်း၌ သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ကြားကုန်း(တဲတိုက်)တွင် သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ (၂၀၀) လုံး၊ အိမ်ထောင်စု (၂၀၀) စု၊ လူဦးရေ (၁၀၀၀) ဦးတို့အတွက် ရေဂါလံ (၈၀၀၀) အား (၉-၅-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg #mgy_may2018
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး၊ Centre for Humanitarian Dialogue နှင့် ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းမှခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်မှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့များမှ သီးခြားစီလာရောက်တွေ့ဆုံ
၉.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ်ကြီးH.E . Mr. Nicholas Coppel၊ Centre for Humanitarian Dialogue မှ Myanmar Country Representative ဖြစ်သူ Mr. Adam Cooper နှင့်ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ်အခြေစိုက်အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့များကယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌သီးခြားစီလာရောက် တွေ့ဆုံပါသည်။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ၌ (၈-၅-၂၀၁၈) ရက်နေ့ (၂၁း၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆,၈၀၀ိ/-) ကျပ်တို့အား (၉-၅-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ဆင်လမ်းကြီးကျေးရွာ၌ (၄-၅-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
