Author Archives: Hlaing ChoOo

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UNDP မှတာဝန်ရှိသူများ၊ UN-Habitat မှတာဝန်ရှိသူများ၊ Action Aid Myanmar မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၂-၅-၂၀၁၈) ရက်နေ့၊ (၁၄း၀၀)အချိန်မှ (၁၆း၃၀) နာရီအချိန်အထိ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်း ကျောင်း၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ(၁၈၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ygn_may2018

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ဆရာ/ဆရာမ (၄၂၀) ဦးအား (၁၄း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်အထိ ငလျင်ဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း၊ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဟောပြော ခြင်းနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_may2018

  • ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဖိုက်ဘာစက်လှေ (၂) စီးနှင့် အသက်ကယ် အကျႌ အထည် (၂၀) တို့အား (၂၂-၅-၂၀၁၈) ရက်နေ့ (၁၆း၂၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #ayy_may2018

  • ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဖိုက်ဘာစက်လှေ (၁) စီးနှင့် အသက်ကယ်အကျႌ (၁၀) တို့အား (၂၂-၅-၂၀၁၈) ရက်နေ့ (၁၈း၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) ha_fld #ayy_may2018

  • သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Relief International အဖွဲ့နှင့်ပူးပေါင်း၍ (၁-၅-၂၀၁၈) ရက်နေ့တွင် ဥက္ကာကျော်ကျေးရွာအုပ်စု၊ လေးမြို့စား ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း၊ (၂-၅-၂၀၁၈) ရက်နေ့တွင် ပေါင်းတုတ်ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာ၌ သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း (၃-၅-၂၀၁၈) ရက်နေ့တွင် ပုရိန်ကျေးရွာ အ.မ.က စာသင်ကျောင်း၌် သင်တန်းသား (၁၈) ဦးဖြင့်လည်းကောင်း၊ (၄-၅-၂၀၁၈) ရက်နေ့တွင် ဆင်အိုးချေကျေးရွာအုပ်စု၊ ဆင်အိုးချေဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား (၄၆) ဦးဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံ မြို့နယ်၊ နောင်ထလုံးကျေးရွာ(အထက်ပိုင်း) ကျေးရွာ၌ (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည် (၁၆) မျိုး၊ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀ိ/-) ကျပ်တို့အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ အ.မ.က ကျားကွင်းစာသင်ကျောင်း၌ ကျေးရွာသူ/သား (၂၅၀) ဦးအား (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်အထိ သဘာဝဘေးအသိပညာ ပေးဟောပြောခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_may2018

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင် ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ မေတ္တာကုန်းကျေးရွာ၌ (၁၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာ ရာအိမ်မှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစု ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may2018

  • ဆူနာမီကြိုတင်‌ပြင်‌ဆင်မှု အလုပ်‌ရုံ‌ဆွေး‌နွေးပွဲနှင်‌့ သင်‌‌ထောက်‌ကူပစ္စည်‌း‌ပေးအပ်‌ပွဲအခမ်‌းအနား ကျင်းပ ပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် SEED ASIA ၊ ပညာရေးဝန်ကြီးဌာတို့နှင့် ပူးပေါင်း၍ (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီး ကျေးရွာအုပ်စု၊ အ.ထ.က ကွမ်းသီးကျောင်းကျေးရွာ၌ ကျောင်းတွင်းဆူနာမီကြိုတင်ပြင်ဆင်မှု အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်ထောက်ကူပ္စည်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနေကိုယ်စားလှယ် များ၊ SEED ASIA မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ကျေးရွာတွင်း ဘေးအန္တရာယ်ပြမြေပုံများရေးဆွဲ ရန် ရွာတွင်းလှည့်လည်လေ့လာခဲ့ကြပြီး မြေပုံများရေးဆွဲ၍ ခိုလှုံရာ Shelter … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်မှု သတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၈၀၃) ဦးအား (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ငလျင်ဘေးအသိပညာပေးဆွေးနွေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများပြောကြားခြင်း၊ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mon_may2018

Sign Up

Upcoming Events