Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာ၊ မူလွန်ပဉ္စသီမော်ကျောင်း၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းလပ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအကြောင်းအရာများ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း များ၊ အသိပညာပေးဗွီဒီယိုပြသခြင်း၊ ဗီနိုင်းပိုစတာဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၄၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ (ဖုန်းဆိုးတောင်၊ ဗျင်းဘွဲ့) ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၂) ရွာ၌ (၁၃-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅) လုံး၊ စုစုပေါင်းနေအိမ် (၃၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၅၀,၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅) … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA အဖွဲ့နှင့် ပူးပေါင်း၍ (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်၊ ကော့နွဲရွာဟောင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ လူဦးရေ (၅၀) ဦးတက် ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅-၁၁-၂၀၁၈) ရက်နေ့အထိ (၂) ရက်တာဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် ရွှေးကူမြို့နယ်၊ မဏိသြဂကျေးရွာ စာသင်ကျောင်း၌ နံနက် (၀၉း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်အထိ မီးဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ\ဆရာမနှင့်ကျောင်းသူ\သား စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်အထိ မီးဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ\ဆရာမနှင့်ကျောင်းသူ\သား စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သောလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_nov2018
-
မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ထပ်ခနိမ်ကျေးရွာအုပ်စု၌ (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #bgo_nov2018
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ပနန်းကျေးရွာအုပ်စု၊ ပနန်းကျေးရွာ၌ (၁၄-၁၁-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီမှ (၁၅း၃၀) နာရီထိ ကျေးရွာနေပြည်သူ(၁၀၀) ဦးခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ် များဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ဘေး(၈)မျိုးပါလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဆပ်ပြာ မှုန့်ထုပ်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mgy_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့ နံနက် (၁ဝး၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ အ.လ.က (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်အား အ.လ.က (၁) နှင့် (၂) တို့ ပူးပေါင်းကျင်းပ ဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြား ကာ အခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ … Read more
-
မိုးညှင်းမြို့၊ နန့်ပုန်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊မိုးညှင်း ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ နန့်ပုန်ကျေးရွာအုပ်စု၌ (၇-၁၁-၂၀၁၈) ရက်နေ့၊ (၂၁း၀၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း … Read more
