Author Archives: Hlaing ChoOo

  • မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့(Myanmar Preparedness Partnership-MPP) အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

    ဇန်နဝါရီ ၂၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အာရှဒေသသဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန Asian Disaster Preparedness Centre (ADPC) တို့မှ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုဖြင့် Lessons Learned and Planning Workshop for Myanmar Preparedness Partnership (MPP) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Royal ACE ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား MRCS ၊ ICRC နှင့် IFRC တို့မှ ကိုယ်စားလှယ်များလာရောက်တွေ့ဆုံမှုသတင်း

    ဇန်နဝါရီ၂၄၊ နေပြည်တော် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) တို့မှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေဆုံရာတွင် လူမှုကာကွယ်စောက်ရှောက်ရေးလုပ်ငန်းများအား ပိုမိုကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှဒုတိယသမ္မတ (၁) ဦး ဆောင်သော အမျိုးသားကော်မတီ၊ ပြည်ထောင်စု ဝန်ကြီးဦးဆောင်သောလုပ်ငန်းကော်မတီ စသည်ဖြင့် … Read more

  • IDPs မိသားစု (၁၈) စုအား ပလန.ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးမှုသတင်း

    ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့နယ် (ပလန) ငွေပျော်စံပြကျေးရွာသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေမြို့နယ်ရှိ IDPs စခန်း (၆) ခုမှ အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၈၃) ဦးတို့အား (၂၄.၁.၂၀၁၉)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဂျေကော့ဘူဦးဆောင်သော ဌာနဆိုင်ရာ အဖွဲ့များမှ ငွေပျော်စံပြကျေးရွာ၊ မူလတန်းကြိုကျောင်းတွင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်၍ ရွှေ့ပြောင်းပေးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၈) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၁) … Read more

  • ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကျင်းပပြုလုပ်မည့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်ဆောင်ရွက်ရန်အတွက် ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲရေး အဖွဲ့ဝင်များဖြင့် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #bgo_jan2019

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၆၀) ဦးအတွက် တစ်ဦးလျှင် ကျားလုံချည် (၁) ထည်၊ မလုံချည် (၁) ထည်၊ တီရှပ်(၁) ထည်၊ တဘက် (၁) ထည်နှင့် ဆပ်ပြာ (၁) တောင့်စီတို့အား ခေတ္တနေထိုင်ရာ ပြည်သူ့အားကစားကွင်း၌ (၂၃-၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #sgg_jan2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်ရှိ ငွေတောင်လက်ဖက်ရည်ဆိုင်၌ (၂၃-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၅း၃၅) နာရီအချိန်တွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ပျဉ်ကာ (၂) ထပ်အိမ် (၁) လုံးနှင့် တိုက်ခန်း (၄) ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၅) စု မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အ.ထ.က(၁) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_eqk #mgy_jan2019

  • ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့တွင် ညောင်ရွှေမြို့၊ အ.ထ.က မိုင်းသောက်၌ ကျောင်းသား/သူ (၂၅၀) ဦးအား ငလျင်အသိပညာပေးဟောပြောခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့လုပ်ဆောင်စေခြင်း၊ ပညာပေးဗီနိုင်းပိုစတာများပြသခြင်းနှင့် ငလျင်ဘေးဆိုင်ရာ မေးခွန်းများမေးမြန်းပြီး လက်ကမ်းပစ္စည်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2019

  • လှိုင်းဘွဲမြို့နယ် ကိုမောင်ကျေးရွာအုပ်စု၊ ကော့စိန်ချောင်းဝကျးရွာ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကော့စိန်ချောင်းဝ ကျေးရွာ၌ (၂၀-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၄,၂၀၀/-) ကျပ်တို့အား (၂၂-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events