Author Archives: Hlaing ChoOo
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ မင်းလမ်း၊ ရေစက်အနီး၌ မီးဘေးဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၂) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ မင်းလမ်း၊ ရေစက်အနီး၌ ယခင်စိုက်ထူထားသော မုန်တိုင်းဗီနိုင်းပိုစတာအစား အလျား (၉) ပေ၊ အနံ (၆) ပေရှိ မီးဘေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူပြီးစီးပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Dec2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျိုက်မရောမြို့နယ်မှ နယ်မြေလုံခြုံရေးအရ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာဘုန်းကြီးကျောင်း နှင့် နေအိမ်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၂) ရက်နေ့တွင် ကျိုက်မရောမြို့နယ် မှ နယ်မြေလုံခြုံရေးအရ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၃၄၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၂၄,၅၀၀/-) ကျပ်တို့အား (၂၈-၁၁-၂၀၂၂) ရက်နေ့၊ (၁၄:၃၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_Nov2022 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု(ပါဠိမဉ္ဇူ)သီလရှင်စာသင်တိုက် မီးဘေးအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၂၂) ရက်နေ့ (၀၇:၄၀) နာရီအချိန် ခန့်တွင် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု(ပါဠိမဉ္ဇူ)သီလရှင်စာသင်တိုက်တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် စာသင်တိုက် ( ၁ ) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၂၉-၁၁-၂၀၂၂)ရက်နေ့ (၁၂:၀၀) နာရီအချိန်ခန့်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_fir #mon_Nov2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်း(အထက်စု)ကျေးရွာ လေဘေးသင့်နေအိမ် အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာ အုပ်စု၊ ရွှေဟင်္သာကျွန်း(အထက်စု)ကျေးရွာ၌ (၂၈-၁၁-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၈,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁) ပုံးတို့အား (၂၉-၁၁-၂၀၂၂) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Nov2022 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၂)ရက်နေ့တွင် လူမှု ဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြုလုပ်သော (Quick – Win Project) ၌ ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Nov2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဧရာ၀တီတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန နှင့်ပူးပေါင်း၍ (၂၇-၁၁-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ၀ဲကြီးကျေးရွာအုပ်စု၊ ၀ဲကြီးကျေးရွာရှိ ရွာသူ/သား (၆၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းများ၊ ထောက်ပံ့ဆောင်ရွက်နေမှုများ၊ သဘာ၀ဘေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများနှင့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ပါအကြောင်း သတင်းရရှိပါသည်။ #ar #ayy_Nov2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၅-၁၁-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၂)အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၄,၂၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၁၀၄,၂၀၀/-)ကျပ်တို့အား (၂၆-၁၁-၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_Nov2022 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင်ကျေးရွာ၌ (၂၃-၁၁-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၅၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး ရန်ပုံငွေ (၃၅,၇၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၅၃၅,၇၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ (၅)တောင့်တို့ အား (၂၄-၁၁-၂၀၂၂)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၂-၁၁-၂၀၂၂) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့၊ အ.မ.က(၁၄) လမ်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်တို့ အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Nov2022 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် လူမှု၀န်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၂) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ (အ.လ.က -၄)မြက်တို၊ အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/သူ (၁၅၀)ဦးခန့်တို့အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထောက်ပံ့ဆောင်ရွက်နေမှုများ၊ သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများနှင့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မီးဘေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Nov2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
