သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၂-၁၁-၂၀၂၂) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့၊ အ.မ.က(၁၄) လမ်းကျောင်းမှ ‌ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်တို့ အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_Nov2022

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

  • Upcoming Events