သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည်  လူမှု၀န်ထမ်းဦးစီးဌာနနှင့်ပူး​ပေါင်း၍ (၂၂-၁၁-၂၀၂၂) ရက်​နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ (အ.လ.က -၄)မြက်တို၊ အလယ်တန်း​ကျောင်းခွဲရှိ ​ကျောင်းသား/သူ (၁၅၀)ဦးခန့်တို့အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ၊ သဘာ၀​ဘေးအန္တရာယ်နှင့်ပတ်သက်​သော အသိပညာဗဟုသုတများနှင့် ဆောင်ရန်/​ရှောင်ရန် များအား အသိပညာ​ပေး​ဆွေး​နွေး​ပြောကြားခဲ့ပြီး မီး​ဘေးအသိပညာ​ပေးဗီနိုင်းနှင့် လက်ကမ်းစာ​စောင်များ ဖြန့်​ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_Nov2022

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

  • Upcoming Events