Author Archives: Hlaing ChoOo

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၈၅) ဦးအတွက် ထောက်ပံ့ငွေ (၇၆၅,၀၀၀/-) ကျပ်တို့အား (၂၆-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jul2019

  • လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပေါက်တန်းလေးကျေးရွာအုပ်စု၊ ပေါက်တန်းလေးကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲနေအိမ်(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက်- -ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် တာပေါ်လင်စ (၁) ချပ်ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား (၂၆-၇-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ရှမ်းမမြောင်ကျေးရွာအုပ်စု၊ ဝဲကြီးဒေါင့်ကျေးရွာ ၌ (၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂၆-၇-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more

  • ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာလမ်းဆုံရှိ အောင်ဇေယျဈေးအတွင်း ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဖုန်းဆိုင်များတွင် DAN Mobile application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #sgg_jul2019

  • ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ လက်ပန်ရွာ၌ (၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၁၀,၅၀၀/-) ကျပ်တို့အား (၂၆-၇-၂၀၁၉) ရက်နေ့တွင် မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #sgg_jul2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ကျောင်းစုကျေးရွာအုပ်စု၊ သပြုချောင်းကျေးရွာ၌ ကျေးရွာပြည်သူ (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019

  • တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ရုံးတွင် မြို့နယ်ဦးစီးမှူးရုံးကို အမွှေးနံ့သာများ ပတ်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #mgy_jul2019

  • ဖျာပုံခရိုင်အတွင်း ဌာန၏ ဆောင်ရွက်နေမှုအခြေအနေများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ ဆွေးနွေးညှိနှိုင်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်အတွင်းရှိ INGOs၊ NGOs၊ လူမှုရေးအဖွဲ့အစည်းများနှင့် လစဉ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ ဦးစီးဌာန၏ မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖျာပုံခရိုင် အတွင်း ဌာန၏ ဆောင်ရွက်မှုအခြေအနေများ၊ အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019

Sign Up

Upcoming Events