Author Archives: Hlaing ChoOo
-
တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စု၊ မအူကုန်ကျေးရွာ၌ (၂၀-၁-၂၀၂၃) ရက် နေ့တွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၈,၄၀ဝ/-)ကျပ်နှင့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ချင်းကုန်း ကျေးရွာ၌ (၂၂-၁-၂၀၂၃)ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီး အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ လူဦးရေ (၁၀)ဦး အတွက် … Read more
-
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနား ကို (၂၄-၁-၂၀၂၃) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် သထုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၂၀)ဦးနှင့် သင်တန်း သား/ သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် … Read more
-
ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန် ဆီဆိုင် မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန်ဆီဆိုင်၌(၁၉-၁-၂၀၂၃) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံး လူဦးရေ(၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)၊ ဒဏ်ရာရ လူဦးရေ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၁-၁-၂၀၂၃)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိပါ သည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_jan2023
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ၌(၂၀-၁-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂,၁၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂,၁၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ တို့အား (၂၁-၁-၂၀၂၃)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_jan2023
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၃) ရက် နေ့ (၁၂:၁၀) အချိန်မှ (၁၃:၄၀)နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၃)မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၀၀)ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_jan2023
-
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်(၂)လမ်း၌ (၁၈-၁-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု ကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၂,၁၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၀၂,၁၀ဝ/-)ကျပ်တို့အား (၁၉-၁-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_jan2023
-
သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Quick – Win Project ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၉-၁၂-၂၀၂၂)ရက်နေ့ (၀၉:၀၀)အချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က (ချောင်းဆုံ) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူဦးရေ (၁၅၀)ဦးခန့်တို့အား သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2022
-
ဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ၊ ထောက်ပံ့ဆောင်ရွက်နေမှုများ၊ သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် Quick Wing Project အစီအစဥ်အရ ဧရာ၀တီတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၂၈.၁၂.၂၀၂၂)ရက်နေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ခ.လ.ရ-၃၈)တပ်၀န်းအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၇)မှ ကျောင်းသား/သူ(၅၅၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ၊ ထောက်ပံ့ဆောင်ရွက်နေမှုများ၊ သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2022
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သရက်တောကျေးရွာတွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၂) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သရက်တောကျေးရွာတွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2022
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာတွင်နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀-၁၂-၂၀၂၂) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာတွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2022
