ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ၌(၂၀-၁-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်  နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂,၁၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂,၁၀၀/-) နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ တို့အား (၂၁-၁-၂၀၂၃)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fir

#ayy_jan2023

Sign Up

Upcoming Events