Author Archives: Hlaing ChoOo

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး UNHCR ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

      စက်တင်ဘာလ၁၉၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Celsဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး H.E KeremDivanhoglu ဦးဆောင်သောအဖွဲ့တို့အား ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ သီးခြားစီ လက်ခံတွေ့ ဆုံပါသည်။ UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအားပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုနောက်ဆုံးအခြေအနေများ၊ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များတွင်အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားသို့မြန်မာနိုင်ငံမှအဆင့်မြင့်အရာရှိများ၊အာဆီယံနိုင်ငံများမှကိုယ်စားလှယ်များသွားရောက်ခဲ့ပြီးနောက်သတင်းအချက်အလက်ဝေမျှမှုအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် UNHCR နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့တွင် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ အ.ထ.က ပလမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၅၀) ဦးအားလည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် အ.ထ.က လက္ကူးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း နှင့် ဘောပင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2019

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်၊ ဘဝမ်းချောင်းစုရပ်ကွက်၊ ဘုန်းတော်ကြီး ကျောင်းနှင့် ဝိပုလ္လရာမ ဘုန်းတော်ကြီးကျောင်းတို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၄၈) စုမှ လူဦးရေ (၁၆၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၅၁) အိတ်၊ (၆) ပြည်တို့အား (၁၉-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_sep2019

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ထိန်အင်းကျေးရွာနှင့် ထမကန်ကျေးရွာတို့၌ (၁၈-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀/-) ကျပ်တို့အား (၁၉-၉-၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ မိုင်းယု(၁၀၅) မိုင်ကျေးရွာအုပ်စု၊ နယ်မြေ-၂၊ (၅၅၅) တိုက်တန်း၌ (၁၃-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး၊ ဒဏ်ရာရလူနာ (၉) ဦးအတွက် ထောက်ပံ့ငွေ (၄၅၀,၀၀၀/-) ကျပ်တို့အား (၁၉-၉-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #shn_sep2019

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ (ဝေယံကျွန်း၊ ရွှေဖလားကျွန်း) ကျေးရွာတို့၌ (၁၈-၉-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုမှ လူဦးရေ (၉၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၀၅,၈၀၀/-) ကျပ်တို့အား (၁၉-၉-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ … Read more

  • မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲကျမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက်၊ လမ်းမတော်(မြောက်ပိုင်း) တွင် (၄-၉-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျမှုကြောင့် ဘေးသင့် ပြိုကျ ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း (၂၁၀,၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၂) ပုံးတို့အား (၁၉-၉-၂၀၁၉) ရက်နေ့၊ နေ့လည် … Read more

  • မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာ ပမြို့နယ်၊ (ဃ) ရပ်ကွက်၌ (၁၄-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Terre des hommes- Lousanne (Tdh-L) နှင့် ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားသို့တက်ရောက်

    ၁၈.၉.၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Tdh-L တို့ ပူးပေါင်းဆောင်ရွက် သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီမှုရရှိအောင် မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များရဲ့ ရှေးဦးဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဥပဒေ (ECCD Law) … Read more

Sign Up

Upcoming Events