
စက်တင်ဘာလ၁၉၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Celsဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး H.E KeremDivanhoglu ဦးဆောင်သောအဖွဲ့တို့အား ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ သီးခြားစီ လက်ခံတွေ့ ဆုံပါသည်။
UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအားပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုနောက်ဆုံးအခြေအနေများ၊ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များတွင်အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားသို့မြန်မာနိုင်ငံမှအဆင့်မြင့်အရာရှိများ၊အာဆီယံနိုင်ငံများမှကိုယ်စားလှယ်များသွားရောက်ခဲ့ပြီးနောက်သတင်းအချက်အလက်ဝေမျှမှုအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် UNHCR နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့တွင် အောက်တိုဘာလဆန်းတွင်ကျင်းပမည့် (၇၀)ကြိမ်မြောက် Annual Plenary Session of the Executive Committee of the High Commissioner’s Programmer (Excom) သို့မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်မည့်အခြေအနေနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံဆွေးနွေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။
ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးH.E KeremDivanhoglu ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်လူမှုစီးပွားဘဝဖံ့ွဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှုနောက်ဆုံးအခြေအနေများ၊နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင်မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်နှင့် အညီမြန်မာဘက်မှဆောင်ရွက်နေမှုများနှင့်အာဆီယံနိုင်ငံများမှပူးပေါင်းဆောင်ရွက်နေမှုများ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြုံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်လုပ်ငန်းစီမံချက်များဖြင့်စီစဉ်ဆောင်ရွက်နေမှုများ၊ “National Strategy for Closure of the Camp” နှင့်ပတ်သက်၍ အတည်ပြုပြီးဖြစ်၍ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များဆက်လက်ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ အတည်ပြုပြီး ဖြစ်၍ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ် (Action Plan) များဆက်လက်ရေးဆွဲဆောင်ရွက်မည့်အခြေအနေများ၊ တူရကီနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် စပ်လျဉ်း၍တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။
#hl1
#npw_sep2019
Source: MOSWRR