Author Archives: Hlaing ChoOo

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂၃-၃-၂၀၂၃)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၀၉:၃၀) နာရီ အချိန်ထိ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဆုံးရှုံးမှုလျော့နည်း လာစေရေးနှင့် ခံနိုင်ရည်ရှိသောလူ့အဖွဲ့အစည်းများအဖြစ် ရပ်တည်လာစေရန်ရည်ရွယ်ပြီး မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ ဖူရှင်းဘရားသား(စ်)ခရမ့်ရာဘာစက်ရုံ၌ ပြည်သူလူထု (၁၀၀)ဦးခန့်ဖြင့် ငလျင်ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #simex_eqk #mon_mar2023

  • သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွအနောက်ကျေးရွာအုပ်စု၊ အောင်ဘုံသာကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွ အနောက်ကျေးရွာအုပ်စု၊ အောင်ဘုံသာကျေးရွာ၊ ကွင်းအမှတ်(၈၄၂A)၌ (၂၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် နေအိမ်အတွင်း၌ ထင်းမီးဖိုဖြင့် ဟင်းနွေးခဲ့ရာ အနီးရှိ ကတ်ထူစက္ကူ ဟောင်းစုပုံထားရာသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ (၁၅×၁၅)ပေ သွပ်မိုး၊ ပျဥ်ခင်း၊ ပျဥ်ကာ နေအိမ်(၁)လုံး(လုံးဝပျက်စီး)မီးလောင်ဆုံးရှုံးခဲ့ရာ အဆိုပါ မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးတို့အတွက် … Read more

  • ပုသိမ်မြို့၊ အမှတ် (၆) ရပ်ကွက်၊ အ​ရှေ့နှစ်​ထောင်တန် (၂) လမ်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ အ​ရှေ့နှစ်​ထောင် တန်(၂)လမ်း၌ (၁၆-၃-၂၀၂၃)ရက်​နေ့ (၂၁း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် မီး​လောင် ပျက်စီး​ (သွပ်မိုး/ပျဥ်ကာ) နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၄၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေးပစ္စည်း (၁၈)မျိုးပါ (၂)ပုံး၊ အလှူပစ္စည်း (JICA)​စောင် (၂)ထည်၊ အိပ်ယာခင်း (၂)ခု၊ Unicef တာ​ပေါ်လင်(၂)စ၊ ကာ​ဘော်လိပ်ဆပ်ပြာ(၄)​တောင့်၊ ​ဘေးသင့်အိမ်​ထောင်စု(၂)စုမှ ​ဘေးသင့်လူဦး​ရေ ကျား/မ (၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေကျပ် (၁၆,၈၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၄၁၆,၈၀ဝ/-)တိတိနှင့် … Read more

  • လေဘေးသင့်ကျေးရွာများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃) ရက်​နေ့တွင် ကန်ကြီး​ထောင့်မြို့ နယ်၊ အပင်နှစ်ဆယ်​ကျေးရွာအုပ်စု၊ ​အပင်နှစ်ဆယ်၊ သော်ကကုန်း​​ကျေးရွာ၊ မြင်းကဆိပ်အုပ်စု၊ ဇီးဖြူ​ချောင်​ကျေးရွာ၊ ဝဲကြီး၊ ​ရွေးကျေးရွာတို့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ဖိုးထောက်ပံ့​ငွေ(၇၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီး​ဘုန်း​တော် ကြီးကျောင်း/အိမ်(၆)လုံးအတွက် အိမ်/​ကျောင်း​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၈၀,၀၀ဝ/-)၊ စုစု​ပေါင်း အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၈၈၀,၀၀ဝ/-))၊ ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၆)ပုံး၊ ဘေးသင့် လူဦး​ရေ (၃၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၈၁,၉၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ … Read more

  • လေဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကန်ကြီး​ထောင့်မြို့နယ်၊ အပင်နှစ်ဆယ်​ကျေးရွာအုပ်စု၊ ​သော်ကကုန်း​ကျေးရွာတွင် (၁၃-၃-၂၀၂၃)ရက်​နေ့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် အစိခဏရာမ​ကျောင်းတိုက်အတွင်းရှိ RC(၁)ထပ်အ​ဆောက်အဦ၏ ​ဘေးအကာ​ကျောက်ပြားများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ​​ကျောင်း​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝ/-) တိတိအား (၁၅-၃-၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း​​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

  • လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ကိုင်းကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၊ ပျဥ်းကတိုး ကုန်း​ကျေးရွာတွင် (၁၃-၃-၂၀၂၃) ရက်​နေ့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ကိုင်း ကျိုးကျပြီး လည်ပင်းသို့ရိုက်ခတ်သဖြင့် သတိလစ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝ/-) ကျပ်အား (၁၅-၃-၂၀၂၃) ရက်နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိ သူများနှင့်အတူ မိသားစု၀င်များလက်၀ယ်အ​ရောက် ကွင်းဆင်း​​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၂၅) နာရီအချိန်အထိ မူးယစ်ဆေးဖြတ်ပြီးသူများ နောက်ဆက်တွဲ စောင့်ရှောက် နိုင်ရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းမှ သင်တန်းသား (၂၀) ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_mar2023

  • မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက် လေဘေးအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်  မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်တွင်  (၁၄-၃-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား(၁၄-၃-၂၀၂၃)ရက်နေ့၊ (၁၄:၄၅)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

Sign Up

Upcoming Events