မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက် လေဘေးအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်  မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်တွင်  (၁၄-၃-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား(၁၄-၃-၂၀၂၃)ရက်နေ့၊ (၁၄:၄၅)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#ayy_mar2023

Sign Up

Upcoming Events