Author Archives: Hlaing ChoOo
-
လက်နက်ကြီး ကျည်စထိမှန်မှုကြောင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၂၀) ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားသည့် နေရာမှ လွင့်စင်လာသည့် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၇-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020
-
မိုင်းထိပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်အုပ်စု၊ ထိပ်တူးပေါက် ကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်တို့အား (၇-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ ကျွန်းဘိုးကျေးရွာ၌ (၆- ၁-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄,၂၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၄,၂၀၀/-) ကျပ်တို့အား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၇-၁-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
မီးဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကိုးနဝင်းလမ်း၌ (၄-၁-၂၀၂၀)ရက်နေ့၊ (၀၅:၃၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀/-) ကျပ်တို့အား (၅-၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ … Read more
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ် (၈) ရပ်ကွက်၊ (၁) လမ်း၌ (၃-၁-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ ဘေးသင့်လူဦးရေ (၁၁) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀/-) … Read more
-
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဇန်နဝါရီ၊၄၊နေပြည်တော် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအစည်းဝေးခန်းမ၌ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာ မိမိတို့ကော်မတီကို ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ (၈)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီအနေဖြင့် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ပြန်လည် သုံးသပ်ရန် ဖြစ်ပါကြောင်း၊ … Read more
-
မိုးရေချိန်စံချိန်သစ်များ
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ထုတ်ပြန်ချက်
-
မီးဘေး အသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ (၄-၁-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့အဝင် အဝိုင်းပတ်တွင် အများပြည်သူ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သော အသိပညာများရရှိစေရန်ရည်ရွယ်၍ မီးဘေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fir #tny_jan2020
-
မီးဘေးအသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊ အမှတ် (၇) ရပ်ကွက်၊ ရဲမာန် ဟုန်လမ်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မီးဘေးအသိပညာပေး (၉x၆) ပေ ဆိုင်းဘုတ်အား (၃ – ၁ – ၂၀၂၀) ရက်နေ့တွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fir #ayy_jan2020
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၃.၁.၂၀၂၀၊နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ … Read more
