နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

 

 

ဇန်နဝါရီ၊၄၊နေပြည်တော်

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအစည်းဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာ မိမိတို့ကော်မတီကို ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ (၈)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီအနေဖြင့် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ပြန်လည် သုံးသပ်ရန် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာကြသူများအား ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ကွပ်ကဲဆောင်ရွက်ရန် တာဝန်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့်ပြန်လည်နေရာချထား ရေးဆိုင်ရာ ဆက်စပ် ကော်မတီများကို ကြီးကြပ်ကွပ်ကဲခြင်းကိုလည်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ကိုစိစစ်၍ ဗဟိုကော်မတီထံသို့ တင်ပြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂) ရပ်ကို ထပ်မံဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးလုပ်ငန်းကော်မတီနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီများ ဖြစ်ကြောင်း၊လုပ်ငန်းကော်မတီ (၂) ရပ်လုံးက တက်ညီလက်ညီဖြင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းစဉ်များထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း မဟုတ်ဘဲ မိမိဆန္ဒအလျောက်ပြန်လည်ဝင်ရောက်လာကြသူများလည်းရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူ များ အတွက်မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအရ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ် အကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်ရေးသည် အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကိုလည်း မိမိတို့ဝန်ကြီးဌာနက ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားခြင်းမရှိဘဲ နေရပ်စွန့်ခွာကြရသူများ အတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းဆောင်ရွက်မှုများ ကိုပိုမိုအရှိန်အဟုန်မြှင့်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ပြီးစီးမှုများကိုလည်း တင်ပြဆွေးနွေးစေလိုပါကြောင်း၊ UEHRD အစီအစဉ်ဖြင့် ဦးစားပေး လုပ်ငန်းစဉ်များ သတ်မှတ်ပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စများကိုလည်း ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးနှင့်ပြန်လည် နေရာချထားရေးလုပ်ငန်းများတွင် အာဆီယံနိုင်ငံများက ပံ့ပိုးနိုင်မည့် ဦးစားပေးလုပ်ငန်း (၇)ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အတွက်လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ထိုလုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော်ရန်လို အပ်ပါကြောင်း၊ စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း နှစ်နိုင်ငံသဘောတူညီစာချုပ်အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းကြပ်မတ် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ပြန်လည် ဝင်ရောက်လိုသူများရှိသော်လည်း နှစ်နိုင်ငံသဘောတူစာချုပ်နည်းလမ်း အတိုင်းမဟုတ်သည့် ကိစ္စများလည်းရှိနေကြာင်း၊ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်နိုင်မည့်နည်းလမ်းများရရှိရေး စဉ်းစားဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာကိုအတည်ပြုချမှတ်ပြီးဖြစ်ရာလက်ရှိ IDP စခန်းများကို စနစ်တကျ ပိတ်သိမ်းနိုင်တော့မည်ဖြစ်ပြီး မဟာဗျူဟာပါလုပ်ငန်းစဉ်များ အတိုင်းအဆင့်ဆင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ကြသည့် ဝန်ထမ်းများ၏လုံခြုံရေးနှင့် အခက်အခဲ များကို လည်းတာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးကြရန် လည်းလိုပါ ကြောင်းနှင့် ကော်မတီ၏လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စည်းရုံးခြင်း ဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်ကော်မတီဒုတိယဥက္ကဋ္ဌ၊လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ပူးတွဲဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာသည့် အမည်စာရင်းအား စိစစ်ပြီးစီးမှုအခြေအနေများ၊ UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချ ထားရေး အတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များ၊ပြန်လည်ဝင်ရောက်လာသူများအား၎င်းတို့၏မူလနေရာ၊မူလနေရာနှင့်အနီးစပ်ဆုံးကျေးရွာများနှင့်၎င်းတို့သဘောတူညီရွေးချယ်သောနေရာများတွင်ပြန်လည်နေရာချထားပေးရန်စီစဉ်ထားရှိမှုအခြေအနေများ၊မိမိသဘောဆန္ဒအလျောက်ပြန်လည်ဝင်ရောက်လာသူများအားလုပ်ထုံးလုပ်နည်နှင့်အညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊မြန်မာနိုင်ငံအစိုးရနှင့် UNDP / UNHCR တို့အကြားလက်မှတ်ရေးထိုးထား သည့်နားလည်မှု စာချွန်လွှာ မူဘောင်အောက်တွင် ထည့်သွင်းဆောင်ရွက်သင့်သည် Meduim term project များနှင့်စပ်လျဉ်းသည့် ကိစ္စများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်  ASEAN ERAT ၏ ဦးစားပေးလုပ်ငန်းများအကောင်အထည်ဖော်မှုတိုးတက်မှုအခြေအနေများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသ မဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jan2020

Source:  MOSWRR

Sign Up

Upcoming Events