Author Archives: Hlaing ChoOo

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၃)ရက်နေ့နှင့် (၉-၅-၂၀၂၃)ရက်နေ့တို့တွင် (၁၆:၃၀)အချိန်မှ (၁၈:၀၀)နာရီအချိန်ထိ လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လာပြီး မိုးသက်လေပြင်းများကျရောက်နိုင်သည့်အတွက် ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ပြည်သူများကြိုတင်သတိပြုနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များစသည့်လိုအပ်သည်များ​ဆောင်ရွက်နိုင်ရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ် သည့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများအား အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgw_may2023

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ်၊ ကုလားတန်ကျေးရွာအုပ်စု၊ ရွှေပြည်သစ်ကျေးရွာ၊ ဗောဓိစင်္ကြာ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်တွင်     ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နိုင်ရန်နှင့် မုန်တိုင်းနှင့်အတူဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီး/ ရေလျှံမှုဖြစ်ပွားခြင်း၊ မုန်တိုင်းဒီရေစသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေး၊ မုန်တိုင်းဒီရေနှင့်ပတ်သက်၍ ကြိုတင်ပြင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာ‌ပေး‌ဆွေးနွေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် ဗီနိုင်းပိုစတာများအား   ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခြင်းများ  … Read more

  • ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃)ရက်နေ့၌ ထား၀ယ်မြို့နယ်၊ ဗျောတောဝဂိတ်၊ ပေါက်တိုင်းဂိတ်၊ ထောင်လမ်းဆုံနှင့် အ.ထ.က (၁) ကျောင်းရှေ့အနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုလည်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_str #tny_may2023

  • မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၂၃) ရက်နေ့၊ (၂၂း၀၀)နာရီအချိန်ခန့်တွင် ပုလောမြို့နယ် အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာ၊ ဝါးတန်းရပ်မှ သေဆုံးသူ (၂) ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တို့အား (၄-၅-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သေဆုံးသူ၏ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_tls #tny_may2023

  • သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ အိုင်ကြီး​ဒေါင့်ကျေးရွာ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ အိုင်ကြီး​ဒေါင့်ကျေးရွာ၌ (၁၉-၄-၂၀၂၃) ရက်နေ့၊ (၀၀း၄၇) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ပျက်စီးလူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ(၂၇,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၇,၃၀ဝ/-)ကျပ်နှင့် အိမ်​ထောင်စု(၃)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၃)ပုံးနှင့် စက္ကူ ကတ္ထူပုံး (၃)ပုံးတို့အား (၂၅-၄-၂၀၂၃)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူသွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မီးဘေးသင့်သီလရှင်ကျောင်းမှ သီလရှင်ဆရာလေးများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ခန့်မှန်းမြေပုံညွှန်း (GQ-202238)၌ (၂-၄-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီး သီလရှင်ကျောင်း(၂)ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး သီလရှင် ကျောင်း (၁)  ကျောင်းရှိ စုစုပေါင်း သီလရှင်(၁၂)ပါးအတွက် သီလရှင်ဝတ်စုံ(၁၂)စုံအား (၁၈-၄-၂၀၂၃) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_apr2023

  • Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်း များဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ar_eqk #mon_mar2023

  • ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်မှ (၁၂:၀၀)နာရီအချိန်အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရပ်ရွာအတွင်းမှ ပြည်သူလူထု စုစုပေါင်း အင်အား (၂၀၀)ဦးဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း … Read more

Sign Up

Upcoming Events