Author Archives: Hlaing ChoOo

  • ပုသိမ်မြို့နယ်၊ ​ရှောပြာ​ကျေးရွာအုပ်စု၊ အိုးဘိုကုန်း​ကျေးရွာ၌ တောဆင်ရိုင်းနင်း၍ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့နယ်၊ ​ရှောပြာ​ကျေးရွာအုပ်စု၊ အိုးဘိုကုန်း​ကျေးရွာကွင်းထဲတွင် လယ်ကြွက်ရှာ​ဖွေရာမှ ​တောဆင်ရိုင်းနင်းသတ်ခံရ၍ ​သေဆုံးသူ (၁) ဦးအတွက်​ထောက်ပံ့​ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၁၁-၅-၂၀၂၃)ရက်​နေ့၊ (၁၅း၃၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိသူများ၏​ရှေ့​မှောက်၌ ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_may2023

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြန်မာ နိုင်ငံကြက်ခြေနီအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  (၁၁-၅-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီအချိန်၌ ထားဝယ် မြို့နယ်၊ လူစည်ကားရာ စည်ပင်သာယာဈေးကြီးလမ်းဆုံနှင့် ဥတ္တားကြီးလမ်းဆုံအနီးတဝိုက်ရှိ ဒေသခံ ပြည်သူများ အား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ခြင်းနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်၊ ကြက်ခြေနီ အသင်းတို့နှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကော့ပရံ ကျေးရွာ၊ ကတုံးပေါ် ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာများတွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023

  • မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃) ရက်နေ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဆောင်ရွက်နေမှု (Talk Show) အစီအစဉ်နှင့် ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023

  • မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ သံတဲကျေးရွာရှိ Cyclone Shelter တွင် ဘေးတစ်ခုအတွက် ပြင်ဆင်ထားမှုအခြေနေအားလေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန် ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပွားပြီးကာလများတွင် လုပ်ဆောင်ရမည့်အစီစဥ်များကို လေ့ကျင့်တတ်စေရန်နှင့် မုန်တိုင်းအန္တရာယ် ကြုံတွေ့ လာပါက တစ်ဦးတစ်ယောက်မှစ၍ ရပ်ကွက်ကျေးရွာများအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မုန်တိုင်းဘေးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းဇိမ်ဥစ္စာများ ဆုံးရှုံးမှုသက်သာစေရန်အတွက် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ … Read more

  • မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံံး​မှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် အ​ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ သင်္ဘောဆိပ်များနှင့် လူစည်ကားရာနေရာများ တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ mask များ ဝေငှပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_str #ayy_may2023  

Sign Up

Upcoming Events