သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁၁-၂၀၂၆) ရက်‌နေ့၊ (၁၀:၀၀) အချိန်ခန့်၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်း ကျေးရွာတွင်  ဦးတင့်လွင် (ဘ) ဦးပါ ပိုင်ဆိုင်သည့် ဖလိုင်းရင်းဟော့(စ်) အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရောင်းဆိုင်တွင်  အလုပ်တစ်ဦးဆေးလိပ်သောက်ပြီး ဆေးလိပ်တိုထားခဲ့ရာမှ အနီးတွင်စုပုံထားသော ဘိလပ်မြေအိပ်ခွံများပေါ်သို့ ပြုတ်ကျ၍  မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် ဆိုင်နှင့်ကပ်လျက်ရှိသော  နေအိမ်(၃) လုံး (လုံးဝပျက်စီး)၊ အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၇)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀ဝိ/-)၊  လူဦးရေ(၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ(၃၅,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၃၅, ၀၀ဝိ/-) နှင့်အိမ်ထောင်စု(၃)စုအတွက် (၃၅၀၃၄၉/-) တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၃)စုစာတို့အား  (၂၆-၁၁-၂၀၂၆) ရက်နေ့၊(၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_nov_2026

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events