ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာတွင် (၂၃.၁၁.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၅၀၀,၀၀၀) ၊ လူဦးရေ(၆၅)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၁၃၆၅၀၀)၊စုစုပေါင်းထောက်ပံ့ငွေ(၁,၆၃၆,၅၀၀) အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၂၄.၁၁.၂၀၂၀)ရက်နေ့(၁၂:၀၀)အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် အုတ်ရှစ်ကုန်း‌ကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကပိုင်တောင်ကျေးရွာ၊ ကပိုင်မြောက်ကျေးရွာ၊ ကြပ်ခေါင်းကျေးရွာ၊ မရင်းကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှုမဖြစ်ပွားစေရေး ပြည်သူသို့ပန်ကြားချက်အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းနှင့် Mask‌ များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source:             အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် Mask များ ဝေငှနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ရွှေကူမြို့နယ်၊ တိန်းဟွန်းကျေးရွာ၊ နုတ်ချိုကျေးရွာနှင့် မိုးလဲကျေးရွာများအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးချင်းနှင့် တစ်ခါသုံး Mask ဝေငှချင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၁.၂၀၂၀)နေ့တွင် မိသားစုညီညွှတ်ရေးပရဟိတအသင်းတိုနှင့်ပူးပေါင်း၍ မြိတ်မြို့နယ်၊ ဘုရားကိုင်ရပ်၊ စက်ဝင်းရပ်၊ အောင်မင်္ဂလာရပ်၊ ရာပြည့်ရပ်ကွက်တို့တွင်COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် Maskများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source:             မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုတာကြီးအပြင်ဘက်တွင် (၂၀-၁၁-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ​ကြိုတင်ပြောင်းရွှေ့အိမ်​​ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ်(၁၀၀၀၀၀ိ/-)၊ လူဦးရေ(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ်(၆၃၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၆၃၀၀ိ/-)ကို (၂၃-၁၁-၂၀၂၀)ရက်နေ့ (၁၂:၁၅)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက်နေ့၌ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်း ကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်စေရန်အတွက် (Covid-19) အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်သည့် အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။   #ar #tny_nov2020     Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)