ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေနစ်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၉-၇-၂၀၂၁) ရက်နေ့ တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရေဘေးတွင် ရေနစ်သေဆုံးသူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား  (၃၀-၇-၂၀၂၁) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ကလိန်အောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၁)နေ့၌ ရွှေတောင်မြို့နယ် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာမှ နေအိမ်(၃၈)လုံး၊ လူဦးရေ(၁၁၉) ဦး၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှ နေအိမ်(၄)လုံး၊ လူဦးရေ(၁၈)ဦးတို့သည် ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး စုစုပေါင်းအိမ်ခြေ (၄၂)လုံးအတွက် ရွှေ့ပြောင်းစရိတ် (၄,၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၁၃၇)ဦးအတွက် ဆန်ဘိုး (၂၈၇၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၄၄,၈၇,၇၀၀ိ/-)ကျပ်အား (၃၀.၇.၂၁)နေ့၊ နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_jul 2021

  • ရေဘေးအသိပညာပေးဗွီနိုင်းတပ်ဆင်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့၊(၁၅၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ်အတွင်းပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရေဘေးအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးရှေ့ ကြော်ငြာသင်ပုန်းတွင် တပ်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #sgg_jul2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်နှင့် (၂၉-၈-၂၀၂၁)ရက်နေ့ (၀၈း၄၀)နာရီအချိန်တို့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ​​ကျုံ​ဟော်ကျေးရွာအုပ်စုနှင့် မုတ္တမ-ကျွဲခြံကျေးရွာအုပ်စုတို့တွင်​ လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေစုစုပေါင်း (၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ တို့အား … Read more

  • မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခဲ့ကာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၈,၄၀၀/-)ကျပ်တို့အား(၃၀-၇-၂၀၂၁)ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #tny_jul2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် (၁၅-၇-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂၀)လုံး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၉၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၉၅,၃၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၁၉၅,၃၀၀ိ/-)အားလည်းကောင်း၊ စလင်းမြို့နယ်၊ မြောက်ဇီးကုန်းကျေးရွာအုပ်စု၊ ရေနားကျေးရွာတွင် (၁၉-၇-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၈,၉၀၀ိ/-)၊ … Read more