ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ နတ်ကုန်းကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ၊ လှာကာစံပြကျေးရွာ၊ ကူးဆိပ်ကျေးရွာ၊ ဘားပုကျေးရွာ၊ ကျုံပိုက်ကျေးရွာ၊ ခဲတောက်ကျေးရွာ၊ မုက္ကဒိကျေးရွာနှင့် ထွန်းလှကုန်းရပ်ကွက်များသို့သွားရောက်၍ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပြီး Surgical Mask များနှင့်ဗီနိုင်းများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep_2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၄-၉-၂၀၂၁) ရက်နေ့၊(၁၀:၀၀)အချိန်မှ(၁၂:၃၀)အချိန်ထိ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ​အင်း​ဗြောင်ကျေးရွာ နှင့် ကတိုက်ကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့တွင် (၁၀:၃၀)အချိန်မှ (၁၂:၀၀)အချိန်ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ‌စစ်တောင်း​ကျေးရွာနှင့်မုပ္ပလင်ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ဖြင့် လှည့်လည်အသိပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး(ဘစမ)

  • ကိုဗစ်-၁၉ ကူးစက်‌ရောဂါနှင့် ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး  ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀) အချိန်မှ(၁၂:၀၀)အချိန်အထိ ဖြူးမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ထန်းကုန်းရပ်ကွက်နှင့် အုတ်ဖြတ်ရပ်ကွက် အတွင်း ကိုဗစ်-၁၉လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကိုဗစ်-၁၉ ကူးစက်‌ရောဂါနှင့် ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး  ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၁) ရက်နေ့တွင် (၀၈:၀၀) အချိန်မှ(၁၁:၀၀)အချိန်အထိ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာနှင့် ခြေတော်ရာကျေးရွာ အတွင်း ကိုဗစ်-၁၉လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း မှတ်တမ်းဓါတ်ပုံနှင့် အတူ သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။ #ar #bgo_sep2021 Source: ရွှေကျင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးကြောင့် နေအိမ်ဆုံးရှုံးပျက်စီးခဲ့ရသည့်ပြည်သူသို့ ထောက်ပံ့မှုသတင်း

    (၂၃-၉-၂၀၂၁)ရက်နေ့ (၀၉:၁၀)ချိန်တွင် လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရပ်ကွက်(၉)၊ နယ်မြေ(၁)နေ ဦးကျော်ဝင်း(၆၅)နှစ်(ဘ)ဦးထား၏နေအိမ် အထက်ဘက် ကုန်းမြင့်ကမ်းပါးယံမှ မြေသားများပြိုကျမှုကြောင့် ၎င်းနေအိမ်တစ်ဝက်ပေါ် မြေသားများ ဖုံးလွှမ်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၂,၀၀ဝ,၀၀၀/-)​​ခန့် ဖြစ်ကြောင်းနှင့် ၎င်းမြေပြိုဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုး​ထောက်ပံ့ငွေ ကျပ်(၉၀,၀၀၀/-)၊ ဘေးသင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၅,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၁၅,၂၀၀/-)အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများက (၂၄-၉-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #shn_sep2021 Source: လားရှိုးခရိုင်ဦးစီမှူးရုံး(ဘစမ)