ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကျေးရွာ(၈)ရွာသို့ (၂၅-၉-၂၀၂၁) ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep_2021 Source: ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ (၃)ရပ်ကွက်နှင့် မြို့မ(၄)ရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID 19 ကူးစက် ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့်ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ (၁)ရပ်ကွက်နှင့် မြို့မ (၂)ရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၁) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပုလင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောာက်ပံ့ငွေ(၁၀၀၀၀၀ိ/-)၊ အမိုးလန်နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂ဝဝဝဝဝိ/-)၊ အိမ်ထောင်စု(၈)စုရှိ လူဦးရေ(၃၇)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၇၇၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၇၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာတို့အား(၂၄-၉-၂၀၂၁) ရက်နေ့ ၊ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep_2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၁) ရက်နေ့၊ (၁၀းဝဝ) နာရီ အချိန်မှ (၁၂း၃၀)နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာနှင့် ဆိပ်ကျွန်း ကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)