Latest News
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၁)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ(၁၃:၀၀)နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_oct2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၁)ရက်နေ့၊ (၀၉:၃၀)အချိန်မှ(၁၂:၀၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာနှင့် ကော့မုပွန်ကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအတွင်း (၁-၁၀-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ခြေ(၁)လုံးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၂,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀ဝိ/-)တိတိအား (၄-၁၀-၂၀၂၁)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #rbe #ygn_oct2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၂၁) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: သထုံခရိုင်စီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ ချောင်းဆုံ မြို့နယ်၊ ဒေါင်းရပ်အရှေ့ကျေးရွာနှင့် ဒေါင်းရပ်အနောက်ကျေးရွာအတွင်းရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်စီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၂၁)ရက်နေ့၊ (၀၉:၃၀ ) နာရီမှ (၁၂:၃၀ )နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_sep2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









