Latest News
-
သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၂)ရက်နေ့၌ ကျိုက်ထိုမြို့၊ အ.ထ.က(၁)စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့ကို (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ဟောပြောဆွေးခဲ့ပြီး၊ လက်ကမ်းစာစောင်နှင့် Mask များ ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2022
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ မြို့သစ်(ဂ) ရပ်ကွက်၊ ပိတောက်လမ်းတွင် (၁၂-၂-၂၀၂၂) ရက်နေ့၊ (၁၁း၃၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓနိမိုး/ဓနိကာ ကျူးကျော်နေအိမ် (၂၀)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၇၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၅၁၂၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂၀)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အိမ်ထောင်စု (၂၀)စုအတွက် ဆပ်ပြာ (၂၀)တောင့်၊ လူဦးရေ … Read more
-
မီးဘေးသင့်ပြည်များသူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်းတွင် (၁၁-၂-၂၀၂၂) ရက်နေ့၊ (၀၈:၅၂)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံး၊ မီးတားကြိုတင်ဖျက်သိမ်းနေအိမ် (၂)လုံးတို့ မီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၃၅)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀,၀၀၀)ကျပ်၊ လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိတင်ကာကွယ်နိုင်ရေးအတွက် အိမ်ထောင်စု(၆)စုအတွက် ဆပ်ပြာ (၆)တောင့်၊ … Read more
-
အသိပညာပေးဆောင်ရွက်မှုသတင်း
(၁၁-၂-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများသည် လားရှိုးမြို့ပေါ်ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအကြောင်း အသိပညာပေး ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့မှုသတင်း
(၁၀-၂-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် မြို့နယ်အတွင်း နယ်မြေအေးချမ်းမှုမရှိသဖြင့် ခေတ္တတိမ်းရှောင်နေကြ ရသည့် ကျေးရွာ(၂၃)ရွာမှ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၄၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၆၁၃၂၀၀/-)ကျပ်အား မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ တာဝန်ရှိသူများ နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_feb2022 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၂၂) ရက်နေ့ (ဝ၈:၄၅)ချိန်ခန့်တွင် လားရှိုးမြို့၊ ရက်ကွက် (၈)၊ နမ(၈)၊ အင်ကြင်းလမ်းရှိ နေအိမ်အတွင်း ထမင်းပေါင်းအိုးတည်ထားခဲ့ရာ အပူလွန်ကဲ၍ မီးကူးဆက်လောင်ကျွမ်းခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်(၇)ရက်စာ (၄,၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးအိမ်ထောင်စု(၁)စုစာအား (၁၀-၂-၂၀၂၂) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #shn_feb2021









