ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ် (၂) ရပ်ကွက်တွင် (၁၉-၂-၂၀၂၂)ရက်နေ့၊ (၂၀း၂၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး တို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေကျပ် (၄၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ဖို့အိမ်ထောင်စု (၁)စုအတွက် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံ့သာ ကျေးရွာ အုပ်စု၊ ရေနံ့သာကျေးရွာတွင် (၂၃–၂-၂၀၂၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝ/-)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၃၁,၅၀၀/-)၊ အထောက်အကူပြုပစ္စည်း Mask (၃၀)ခု၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၂,၁၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး (၃)အိမ်ထောင်စာတို့အား (၂၄-၂-၂၀၂၂)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန် ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်သင်ကြားမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၂.၂၀၂၂)ရက်နေ့မှစတင်၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို သင်တန်းသား/သူ(၃၀)ဦးဖြင့်ဖွင့်လှစ်ခဲ့ရာ သဘာဝေဘးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများတိုးပွားစေပြီး သဘာဝဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်ပွားနေစဉ်အတွင်းရှာဖွေကယ်ဆယ်ခြင်းနှင့်အရေးပေါ်တုံ့ပြန်ဆာင်ရွက်ခြင်း၊ ဘေးဖြစ်ပွားပြီးနောက်ပြန်လည်ထူထောင်ခြင်းနှင့် ပြည်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို သင်တန်းသား/သင်တန်းသူများအနေဖြင့် မြေပြင်တွင်လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb_2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ကိုဗစ်-၁၉နှင့် ဗီဇပြောင်း (အိုမီခရွန်)နှင့် ပတ်သက်၍ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၂) ရက်နေ့၌ လားရှိုးခရိုင်ဦးစီးမှူးရုံး အနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန တို့ဖြင့် ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများအား ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်မီးသတ်ဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် ငလျင်ဘေးအသိ ပညာပေးဟောပြောခြင်းအား လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ  နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း အားလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူလေ့ကျင့်ခြင်း များကို  ဆောင်ရွက်ခဲ့ကြောင်း၊ … Read more

  • ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လားရှိးမြို့၊ ရပ်ကွက်များနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၁) အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ကျောင်းခန်းတစ်ခန်းချင်းစီအလိုက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် အချက်များ၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်ပါအချက်များ စသည်တို့ကို ဟောပြောပေးခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb_2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကိုဗစ်-၁၉ နှင့် ဗီဇပြောင်း (အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၃-၂-၂၀၂၂) ရက်နေ့တွင် ရပ်ကွက်(၃)၊ လူထုအခြေပြုဗဟိုဌာနရှေ့လမ်းမကြီးပေါ်တွင် ပြည်သူလူထုအား ကိုဗစ်-၁၉နှင့် ဗီဇပြောင်း (အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #Shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)