Latest News
-
လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ သမက်ပြေကျေးရွာအုပ်စု၊ သမက်ပြေလေးကျေးရွာ၌ (၂၂-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခဲ့ရာ အိမ်ခြေ(၁)လုံးပြိုကျခဲ့ပြီး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃)ဦး ဘေးသင့်ခဲ့သည့်အတွက် လေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း(၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း(၇၆၃၀၀/-) ကျပ်တိတိအား တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ (၂၈-၃-၂၀၂၂) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_str #ayy_mar2022 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းဘေးထောက်ပံ့မှုနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင် ဝေငှခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ (၂၂.၃.၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားသော မုန်တိုင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စု (၁၇၃) စုမှ လူဦးရေ (၆၉၃)ဦးအတွက် Surgical mask (၁၃၈၆)ခု၊ ဆန်ရက္ခာဘိုး (၁၄၅၅၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၇၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၂၁၁၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၃၅၆၅၃၀၀/-) ကျပ်အား (၂၇.၃.၂၀၂၂)ရက်နေ့တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွေးနဒီခန်းမ)၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more
-
ကိုဗစ်(၁၉)ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၈-၃-၂၀၂၂)ရက်နေ့တွင် နာမခေါ်ကျေးရွာနှင့် ကျောက်တောင်ကွက်သစ်တို့၌ ပြည်သူများအား ကိုဗစ်(၁၉) ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် မက်(စ်)များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မရမ်းစု၊ ကြည်စေတနာလမ်းတွင် (၂၈-၃-၂၀၂၂) ရက်နေ့ (၀၉း၀၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၆)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၃၀) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်အိမ်ခြေ (၆)လုံးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၃၀၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး (၆) အိမ်ထောင်စုစာနှင့် ကိုဗစ် – ၁၉ … Read more
-
ကိုဗစ်-၁၉ နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ရပ်ကွက်(၇)နှင့် ညနေပိုင်းတွင် ရပ်ကွက်(၁)ရဲဘော်ဟောင်းနေ ပြည်သူများအား ကိုဗစ်-၁၉ နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ မက်(စ်)များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကိုဗစ်- ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအသိပညာပေးဆောင်ရွက်မှုသတင်း
(၂၆-၃-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လားရှိုးမြို့ပေါ် ရပ်ကွက်(၃)နှင့် ရပ်ကွက် (၆)တို့၌ ကိုဗစ်- ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များကို ပြည်သူလူထုသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ပြီး လက်ကမ်း စာစောင်များနှင့်Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)









