Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် အင်္ဂပူမြို့၊ ကံဘက်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာတွင်(၂၉-၄-၂၀၂၂)နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀ဝိ/-) ၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၁၀၅၀ဝိ/-)နှင့် surgical mask (၁၀) ခုတို့အား (၂၉-၄-၂၀၂၂)ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_apr_2022 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြန်မာနိုင်ငံသားရေမျောထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၈-၄-၂၀၂၂) ရက်နေ့တွင် M/S CONTAINER LINE ပိုင် M.V PACIFIC GRACE သင်္ဘောဖြင့် မြန်မာနိုင်ငံသားရေမျော ဦးစိုးဝင်းဇော် အား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး(ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ)နှင့် ခရီးစရိတ်၊ နေ့တွက်စရိတ် စုစုပေါင်း(၃၆၀၀၀)ကျပ်အား ရန်ကုန်ဆိပ်ကမ်း MIP တံတား၌ ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ခြင်း၊ ထောက်ပံ့ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_apr_2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၂၊၃၊၄)ရပ်ကွက်၊ ရွှေဂွန်ကျေးရွာ၊ မလားကျေးရွာနှင့် ရွှေတိုက်ကျေးရွာတို့တွင် (၁၁-၄-၂၀၂၂)ရက်နေ့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အမိုးလန်အိမ်ခြေ(၂၆)လုံး၊ အိမ်ထောင်စု(၂၆)စုနှင့် ပြိုကျအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့မှ လူဦးရေ(၁၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၇၃၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၉၁၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၁၄၇၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာနှင့် အဝတ်Mask(၈)ခုတို့အား (၂၇-၄-၂၀၂၂)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ကျောက်မြောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr_2022 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တယ်ဘိုပင်ကျေးရွာ၌ (၁၁-၄-၂၀၂၂)ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇,၆၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၇,၅၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၉၂,၆၀ဝ/-)ကျပ်အား (၂၆-၄-၂၀၂၂)ရက်နေ့ (၁၃း၃၀)နာရီအချိန် တွင် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2022 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ခွန်တောင်းငယ်ကျေးရွာ၊ ရှားတောကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် (၁၁-၄-၂၀၂၂) ရက်နေ့ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု(၅၂)စု၊ လူဦးရေ(၂၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၉၅,၆၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၁၅,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၁၀,၆၀ဝ)ကျပ်အား (၂၈-၄-၂၀၂၂) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦစီးမှူးရုံး (ဘစမ) #ha_sgw … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၃-၂၀၂၂)ရက်နေ့၊ (၁၂း၀၅)နာရီ အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စု၊ ကျောက်ပြင်သာကျေးရွာ၌ တောဆင်ရိုင်း တက်နင်းမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၈-၄-၂၀၂၂)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူ မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #ygn_apr2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









