Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၂.၆.၂၀၂၂) ရက်နေ့ တွင် မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာတွင် ကျေးရွာနေပြည် သူများအား သဘာဝဘေးအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun_2022 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၀.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်မှ (၁၂:၀၀) အချိန်ထိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လားရှိုးမြို့)မှ သင်တန်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးများ၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့အတွက် ဆောင်ရန်ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးကာ လက်ဆေးဆပ်ပြာဆီများနှင့် အဝတ်Mask များအား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ #ar #sgg_jun_2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေးဆောင်ရွက်မှုသတင်း
(၈-၆-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်)မှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနများနှင့်အတူ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများအား ပြည်သူများသို့ ဆွေးနွေးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာ များအား ကျေးရွာနေ ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #ygn_june2022 Source: သန်လျင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၂)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)၌ တက်ရောက်လျက်ရှိသော ကျောင်းသား/ ကျောင်းးသူ စုစုပေါင်း(၁၁၀၀)ဦးနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၅၂)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မိုးတွင်းကာလတွင်ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာသို့ရွေ့ပြောင်းရေးဆိုင်ရာသရုပ်ပြလေ့ကျင့်ခြင်းအား ကျောင်းသား၊ ကျောင်းသူ (၂၆၁) ဦးဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun_2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၆-၆-၂၀၂၂)ရက်နေ့တွင် တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကာလိပ်(စစ်ကိုင်း)၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၉၆၉)ဦး၊ ၀န်ထမ်း(၄၂)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မိုးတွင်းကာလတွင်ဖြစ်ပေါ်လေ့ရှိသာ မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးဆိုင်ရာ သရုပ်ပြလေ့ကျင့်ခြင်းကို ကျောင်းသား၊ ကျောင်းသူများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun_2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၂၂) ရက်နေ့(၁၀း၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀ဝ/-)ကျပ် နှင့်လူဦးရေစုစုပေါင်း(၁၃)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၇၃၀၀/-)ကျပ်အား(၇-၆-၂၀၂၂)ရက်နေ့(၁၂:၃၀) နာရီအချိန်ခန့်တွင်ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_jun_2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









