ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၈) ၊ န၀ဒေးလမ်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၈)၊ န၀ဒေးလမ်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့၌ (၈-၁၀-၂၀၂၂) ရက်နေ့နှင့် (၁၀-၁၀-၂၀၂၂) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၂) ပုံးနှင့် (၁၉)မျိုးပါ (၁)ပုံး၊  ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၇,၃၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃၂၇,၃၀ဝ/-)ကျပ်တို့အား  … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၁၀-၂၀၂၂) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ ကံ့ကော်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၈,၄၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၈,၄၀ဝိ/-)ကျပ်အား မြိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့်အတူ (၁၁-၁၀-၂၀၂၂)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #tny_oct2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၂) ရက်နေ့ (၁၇း၅၀) အချိန်၌ အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာ တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးလူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀,၄၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၅၀,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း လေးထောင့် ပလပ်စတစ်ပုံးပါ (၁၇)မျိုး (၅)ပုံးနှင့် ကတ္ထူ စက္ကူပုံး (၅)ပုံးတို့အား (၁၁-၁၀-၂၀၂၂)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေး … Read more

  • ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဒိုးကုန်းကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာ လေဘေးသင့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဒိုးကုန်း ကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာ၌ (၂-၁၀-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့ရသည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ (၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀/-) ကျပ်တို့အား (၄-၁၀-၂၀၂၂)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2022 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ ပဒေါဒေါင့်ကျေးရွာ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အုပ်စု၊ ပဒေါဒေါင့်ကျေးရွာ၌ (၃၀-၉-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ  (၁) ပုံးနှင့် ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈,၄၀၀/-) ကျပ်တို့အား (၁-၁၀-၂၀၂၂)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင်‌ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_sgw #ayy_oct2022 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၂၂)ရက်နေ့ (၀၇း၁၀) အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်၊ ကွေ့ချောင်းရွာမ လမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုပင်အမြစ်ပွလဲရာမှ တစ်စိတ်တစ်ပိုင်း ပျက်စီး လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆,၃၀ဝ/-)ကျပ်တို့အား (၃-၁၀-၂၀၂၂)ရက်နေ့ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ် ဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more