လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးနှင့်တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန်အရှေ့ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်‌ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၀၅၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၁၀၅၀၀/-)အားလည်းကောင်း၊ (၁၇-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ လိမ္မော်ခြံကျေးရွာအုပ်စု၊ အလယ်ရွာနှင့် ရွာသာယာ‌ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်‌ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀,၀၀ဝ/-)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၆၈၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၈၀၀/-)အားလည်းကောင်း (၂၂-၈-၂၀၂၂)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊‌ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ဦးရေ(၁၅၀)ကျော်အား ဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး‌ဆွေး‌နွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်း စသည်တို့ကို (၂၂-၈-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။ #ar #ygn_august_2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်​နေ့​တွင် ပုသိမ်ခရိုင်၊ ​ချောင်းသာမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီး​ကျေးရွာ၌ ဖြစ်ပွားခဲ့​​သော​ ​​လေ​ဘေး​ကြောင့် ပြိုကျပျက်စီး​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ​ဘေးသင့်လူဦး​ရေ(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၁၀၈,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးတို့အား (၁၉-၈-၂၀၂၂)ရက်​နေ့တွင် ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌‌ရေးနှင့်ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာန၊‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်    တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ချာပါချောင် ကျောင်းစုရပ်ကွက်၊ စိတ္တသုခလမ်း၌ နှစ်(၃၀)ခန့်ရှိ ကုက္ကိုပင် နေအိမ်ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ကျောက်ပြားခင်း၊ ပျဥ်ကာ၊ တစ်ထပ်နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈,၄၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၂) ရက်နေ့တွင် ဒလမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_aug2022 Source: … Read more

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူ များသည် (၁၇-၈-၂၀၂၂)ရက်​နေ့၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ​တောင်တန်းကုန်း​ကျေးရွာအုပ်စု၊ မဏ္ဍပ်​ကျေးရွာ၊ ရှမ်း​တော​ကျေးရွာနှင့် ​ရေငန်းစမ်း​ကျေးရွာတို့တွင် ​ရေ​ဘေးဖြစ်ပွားခဲ့ရာ အဆိုပါရေဘေးကြောင့် ပြိုကျပျက်စီး​နေအိမ်(၇)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၇၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ်(၅၅)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁,၆၅၀,၀၀ဝ/-)ကျပ်အားလည်းကောင်း ကံ့​ကော်​ကြော​ကျေးရွာတွင် ​ရေ​ဘေး​ကြောင့် ပြိုကျပျက်စီး​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ​ဘေးသင့်လူဦး​ရေ(၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၁၂,၆၀ဝ/-)ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်းနှင့် စုစု​ပေါင်း​ထောက်ပံ့​ငွေ(၂,၄၆၂,၆၀ဝ/-)ကျပ်အားလည်းကောင်း ရွာ​ဟောင်းကြီးအုပ်စု၊ ရွာ​ဟောင်းကြီး​ကျေးရွာနှင့် စာ​ရေးကွင်း​ကျေးရွာတို့ရှိ ​​ရေဘေးသင့် ပြည်သူများအတွက် ကာ​ဘော်လိပ်ဆပ်ပြာများအား (၁၉-၈-၂၀၂၂)ရက်​နေ့တွင် ​ဘေးသင့်ပြည်သူ များ လက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်(၁၇-၈-၂၀၂၂) ရက်နေ့တွင် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ပုတ္တလုတ်ကျေးရွာတွင် အိမ်ထောင်စု(၄၀)၊ လူဦးရေ(၁၅၀)၊ မရမ်းဘေးကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာနှင့် အဝကောက်ကျေးရွာတို့တွင် အိမ်ထောင်စု(၆၀)၊ လူဦးရေ (၂၃၀)၊ ဝင်းကြီးကျေးရွာအိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ (၃၉၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာစုစုပေါင်း‌ထောက်ပံ့‌ငွေ(၈၂၉၅၀ဝိ/-)ကျပ်အား (၁၈-၈-၂၀၂၂)ရက်နေ့တွင် တံတားမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug_2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)ဦးစီးမှူးရုံး (ဘစမ)