Latest News
-
မအူပင်မြို့နယ်၊ ရွှေလှေသောင်းကျေးရွာ၌ ဖြစ်ပွားသည့်ကမ်းပြိုဘေးအတွက် ထောက်ပံ့
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်းကျေးရွာအုပ်စု၊ ရွှေလှေသောင်းရွာ၌ (၃-၉-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၉,၉၀ဝိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ ထောက်ပံ့ငွေ စုစုပေါင်း(၃၃၉,၉၀ဝိ/-)ကျပ်နှင့် ကာဘော်လိပ်ဆပ်ပြာ (၃)တောင့်တို့အား (၅-၉-၂၀၂၂)ရက်နေ့ (၁၄:၃၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep, 2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေလုပ်သား(၁) ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြန်မာ့ဆိပ်ကမ်း၊ ရေကြောင်း ဌာန၊ ရေယာဉ်ငယ်ဌာနခွဲသို့ ရောက်ရှိလာသော ရေလုပ်သား (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ) ၊ ခရီးစရိတ်နှင့် နေ့တွက်စရိတ် စုစုပေါင်း (၁၆,၀၀၀/-) ကျပ် တို့အား (၃-၉-၂၀၂၂) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep2022 … Read more
-
ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်တွင် ဖြစ်ပွားသည့်မီးဘေးကြောင့် ဘေးသင့်ပြည်သူများသို့ ထောက်ပံ့
၂၉-၈-၂၀၂၂ ရက်နေ့တွင် တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ခရေလမ်းရှိ နေအိမ်(၁)လုံး၌ ခြင်ဆေးခွေထွန်းရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၎င်းအိမ်အပါအဝင် နေအိမ်(၂)လုံး မီးလောင်ပျက်စီး၍ အခြားနေအိမ်(၂)လုံးမှာ တစ်စိတ်တပိုင်းမီးလောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါမီးဘေးအတွက် ၃၁-၈-၂၀၂၂ ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၇၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀၀/-)ကျပ်[စုစုပေါင်းထောက်ပံ့ ငွေ(၅၂၀,၄၀၀)ကျပ်]နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_fir #ygn_sep, … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၂)ရက်နေ့(၁၃း၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-)ကျပ်တို့အား (၃၁-၈-၂၀၂၂) ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_aug2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင်း ဖြစ်ပွားသည့် တောဆင်ရိုင်းဘေးများနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၈၀,၀၀ဝိ/-)နှင့်လူဦးရေ(၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂,၅၀ဝိ/-)အားလည်းကောင်း၊ (၂၈-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၉၀,၀၀ဝိ/-)နှင့် လူဦးရေ(၁၄)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၉,၄၀ဝိ/-)အားလည်းကောင်း၊ (၂၉-၈-၂၀၂၂)ရက်နေ့ တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန် အရှေ့ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့်နေအိမ် (၂)လုံး … Read more
-
သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရဲတပ်ဖွဲ့ ရုံး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်းပြီး ဦးစီးဌာန(၁)ခုချင်းစီနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သဘာဝဘေးန္တရာယ်နှင့် ပတ်သည့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်း လုပ်ငန်းများအား (၃၀-၈-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှာ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(ကမာကေး) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









