Category Archives: News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ ရေနီပေါက်ကျေးရွာ၊ ဝမ်ချယ်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာရှိ မိဘပြည်သူများအား COVIS-19 ရောဂါ ကူစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များကို အသိပညာပေးဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_apr 2020
-
Covid – 19 ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၄-၂၀၂၀) ရက်နေ့တွင် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ချိတ်တောကျေးရွာ၊ အလယ်စုကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများနှင့် ထူးကြီးမြို့ စျေးအနီးရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန် အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့ နယ်၊ ယင်းမာကျေးရွာတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ခန္တီးမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများထံ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ ခန္တီးမြို့နယ်အတွင်းရှိ လင်းဖားကျေးရွာနှင့် ချောင်းဝကျေးရွာများတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_apr2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ဝက်လက် မြို့နယ်၊ ကိုင်းရွာကျေးရွာ၊ ရွှေအိုးရကျေးရွာ၊ နှဘဲလှကျေးရွာ၊ ဗီဇကုန်းကျေးရွာ၊ တအုံကျေးရွာ၊ ရွှေပန်း ကုံးကျေးရွာ၊ ဒွန်တဲကုန်းကျေးရွာ၊ သားနားချောင်းကျေးရွာ၊ စိုင်နိုင်လေးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာ ဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ (၈-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ နန္ဒဝင်ရပ်၊ နယ်မြေ (၁) ၊ နယ်မြေ(၂)၊ နယ်မြေ(၃)၊ နယ်မြေ(၄)၊ နယ်မြေ(၅) ၊နယ်မြေ(၆)၊ နယ်မြေ(၇)၊ စက်မှုဇုံရပ်ကွက်၊ နယ်မြေ(၁)၊နယ်မြေ(၂)၊နယ်မြေ(၃)၊ နယ်မြေ(၄)၊ နယ်မြေ(၅)၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁)၊နယ်မြေ(၂)၊နယ်မြေ(၃)၊ နယ်မြေ(၄)နှင့် နယ်မြေ(၅)ရပ်ကွက်များတွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက် ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာ၊ တမုတ်ချုံး၊ ရှမ်းအင်းတော်၊ ကမ္မလိုင်း၊ ရေဖြူ၊ တားပလပ်၊ ချောင်းလမု ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဝေငှ ခြင်းတို့အား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့နှင့် (၇-၄-၂၀၂၀) ရက်နေ့တွင် မိုးသက်လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့သော တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာအုပ်စု၊ ဘန်းပြည့်အနောက်ကျေးရွာရှိ နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၁၂,၆၀၀-/) ကျပ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကြိမ်ချောင်းဝကျေးရွာမှ နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုစာ၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ကန်ပြားအရှေ့ကျေးရွာ၊ ကန်ပြားအနောက်ကျေးရွာ၊ ရွာသစ်ကလေးကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံး ရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း၊ ကားဂိတ်တန်း)နှင့် ဦးလှိုင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင် စု(၁၃၆) စု၊ လူဦးရေ (၆၄၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၈- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_apr2020 … Read more









