Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄.၄.၂၀၂၀) ရက်နေ့တွင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၄.၂၀၂၀)ရက်နေ့တွင် ကြာအင်းစံပြကျေးရွာ၊ သစ်ဖြူကိုင်းကျေးရွာ၊ နန်းစောက်စောက်ကျေးရွာစသည့် ကျေးရွာများတွင် COVID.19 ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရေး ပြည်သူများအလွယ်တကူသိစေနိုင်ရေး ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးလှည့်လည်နိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါအသိပညာပေး ဆောင်ရွက်ခြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၂၄-၄-၂၀၂၀)ရက်နေ့ (၂း၀၀)နာရီအချိန်မှ (၃း၃၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ရပ်ကွက်(၂)တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 )အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ဆိတ်ဖူးကုန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာနှင့် ဝက်သိုက်ကုန်းကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၄-၄-၂၀၂၀)ရက်နေ့၌ (၁၁:၀၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ ညနေ (၁၅:၀၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ချင်းစာကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန< ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ် ပန်မေါ့ကျေးရွာတွင် Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကိုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အလယ်ပိုင်း)၊ ကားဂိတ်တန်းနှင့် ဦးဝင်းကြည်(တဲတိုက်)ရှိအိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင် စု(၁၁၇) စု၊ လူဦးရေ (၅၁၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၅- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၂၅ – ၄ -၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့အ၀င် /အထွက်ယာဥ်လိုင်းများတွင် စီးနှင်းလိုက်ပါသောခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့လွယ်မွေကျေးရွာအုပ်စု၊ လွယ်မွေကျေးရွာနှင့်နောင်လျှံ(၁)ကျေးရွာအုပ်စုတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၄.၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀ )နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ မကြီးကုန်းကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာ၊ ညောင်လှကျေးရွာ၊ ကျောက်ဖြူကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နမ့်လီ/နမ့်လုံကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာနှင့် နားပေါ်ကျေးရွာအုပ်စု၊ နားပေါ်ရွာတို့၌ (၂၄-၄-၂၀၂၀)ရက်နေ့ (၁၄းဝဝ)ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ စုစုပေါင်း (၂၆)ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၄၀၀,၀၀၀ိ/-) ခန့် ဖြစ်ပြီး အဆိုပါလေဘေး သင့်အိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၁)ပတ်စာ (၅၄,၆၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၂၅-၄-၂၀၂၀)ရက်နေ့ (၀၉း၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









