Category Archives: News
-
ဘေးသင့်သေဆုံးပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၉-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘွမ်နန်ကျေးရွာရှိ ချောင်ဘရားသားကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ အမြင့်ပေ(၁၅၀)ခန့်၊ အလေးချိန်(၃)ပိဿာခန့်ရှိ ကျောက်ခဲပြုတ်မှုကြောင့် ကမ်းပါးယံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသူ ဦးခေါင်းထိမှန်သေဆုံးခဲ့သောကြောင့် ဘေးသင့်သေဆုံးပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘွမ်နန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_otr #kcn_oct2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိလုပ်ကွက်ကျင်း၌ ကမ်းပါးယံ မြေသားပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် အမြင့်ပေ(၁၂၀)ခန့်၌ ရေမဆေးကျောက်ရှာဖွေနေသော ဘေးသင့်သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်၊ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၅၀,၀၀ဝ/-)ကျပ်အား (၁-၁၀-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် စပေါ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kcn_oct2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့ခြင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၃၀-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၀၅၀၀ိ/-)၊ စုစုပေါင်း (၁၁၀၅၀၀ိ/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: … Read more
-
လေဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (၂၇.၉.၂၀၂၀)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဒူးကျိုးကျေးရွာ တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီသွားသောအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ လူဦးရေ (၃)ဦးအတွက်ဆန်ဖိုး (၇)ရက်စာ (၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၁၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးကို (၁.၁၀.၂၀၂၀) ရက်နေ့ (၁၃း၃၀) အချိန်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_oct2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရုံးသစ်ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၂၀) ရက်နေ့ နံနက်(၀၆:၀၀) နာရီ အချိန်၌ သံဃာ (၅) ပါးအား ဆွမ်းကပ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရား တော်နာခြင်းနှင့် နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့်အတူ ပေါက်မြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #office_dev #mgy_oct2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် (၂၇-၉-၂၀၂၀) ရက်နေ့မှ (၂၉-၉-၂၀၂၀) ရက်နေ့ အထိ ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်သော ရပ်ကွက်(၈)ခုနှင့် ကျေးရွာ (၉) ခုများရှိ ရေဘေးပြောင်းရွှေ့ စုစုပေါင်းအိမ်ထောင်စု (၅၀၀) စု၊ လူဦးရေ (၂၄၆၉) ဦးတို့အတွက် အဝတ် Mask (၂၄၆၉) ခု၊ ဆပ်ပြာ (၅၀၀) တောင့်နှင့် ဆန်(၇) ရက်စာဖိုးငွေ (၅၁၈၄,၉၀ဝ) … Read more
-
ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့ နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်း ကျေးရွာများတို့မှ (၂၇-၉-၂၀၂၀) ရက်နေ့မှ (၂၉-၉-၂၀၂၀) ရက်နေ့ထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များရှိ စုစုပေါင်းအိမ်ထောင်စု( ၃၅) စု၊ လူဦးရေ (၁၅၉) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး (၁-၁၀-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀ဝ) နာရီအချိန်တွင် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာ (၁) တောင့် နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု(၃၅)စုအတွက် … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁.၁၀.၂၀၂၀)ရက် နေ့ တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင်လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ အိုင်လျား(မ) ကျေးရွာအုပ်စု၊ ဝန်မင်းကန်ကျေးရွာတွင် ( ၂၉-၉-၂၀၂၀)ရက်နေ့ (၁၂း၀၀) အချိန်၌ မိုကြိုးစက်ကွင်းမိ၍ သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) ကို (၁-၁၀- ၂၀၂၀) ရက်နေ့ (၁၀း၀၀) အချိန်တွင် ကျောက်ပန်းတောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့်အတူ ကျန်ရစ်သူမိသားစုဝင်၏ လက်ဝယ်အရောက် ထောက်ပံ့မှုပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mdy_oct2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ် ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ (၂၄.၉.၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၅)ဦး မ(၄)ဦး၊ စုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၈၉၀၀ိ/-)နှင့် ပြောင်းရွှေ့အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၁၈၉၀၀ိ/-)၊ဓာတ်ဆားထုပ် (၂၀)ထုပ်အား (၁.၁၀.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၀:၀၀)နာရီတွင် ရှားပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)









