Category Archives: News
-
လားရှိုးခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန် (၃) ရက်စာဘိုးငွေ (၉၀၀၀) ကျပ်တိတိအား ရပ်ကွက် (၁၀) ခုသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ IDP စခန်းများဖြစ်သည့် အုန်းတောကြီးတောင်နှင့် ဆေးသမားကြီး စခန်းများမှ ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် စစ်တွေမြို့နယ်ရှိ IDP စခန်းများဖြစ်သည့် အုန်းတောကြီးတောင်နှင့် ဆေးသမားကြီးစခန်းများသို့ သွားရောက်ကာ အဆိုပါစခန်းရှိ ပြည်သူများအတွက် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် MAUK အဖွဲ့တို့ပူးပေါင်း၍ အိမ်ထောင်စုပေါင်း (၂၅၀) စုအတွက် ဆန် (၂၅၀) အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
DAN mobile Application နှင့် Kobo mobile application အသုံးပြုပုံများနှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများနှင့် သဘာဝဘေးကျရောက်ပါက ပျက်စီးဆုံးရှုံးမှုစာရင်းများအား လျင်မြန်စွာကောက်ယူနိုင်ရေးအတွက် DAN mobile Application နှင့် Kobo mobile application အသုံးပြုဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများထံ ဆင့်ပွားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
DAN mobile Application နှင့် Kobo mobile application အသုံးပြုပုံများနှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးမှုသတင်း
(၂၂-၁၂-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများနှင့် သဘာဝဘေးကျရောက်ပါက ပျက်စီးဆုံးရှုံးမှုစာရင်းများအား လျင်မြန်စွာကောက်ယူနိုင်ရေးအတွက် DAN mobile Application နှင့် Kobo mobile application အသုံးပြုဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများထံ ဆင့်ပွားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ပေါက်အိုင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်မှုသတင်း
(၂၆-၁၂-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ပေါက်အိုင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ရာ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ကျေးရွာပြည်သူ (၈၄) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၌ သဘာဝဘေးကြိုတင်သတိပေးစနစ်ဆောင်ရွက်မည့်လုပ်ငန်း စုံစမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မှုသတင်း
(၂၁-၁၂-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်ဌာနများဖြစ်ကြသော ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)၊ ချင်းပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ Hakha Rescue Commettee(CSO)တို့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖတို့သည် ချင်းပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနရုံး၌ သဘာဝဘေးကြိုတင်သတိပေးစနစ်ဆောင်ရွက်မည့်လုပ်ငန်းစုံစမ်းရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၆) ဖွင့်လှစ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) သည် (၂၆-၁၂-၂၀၁၆) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၆) ကို ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၂၆-၁၂-၂၀၁၆) ရက်နေ့မှ (၂၈-၁၂-၂၀၁၆) ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
ကချင်ပြည်နယ်၊ အင်ဂျန်းရမ်ကမြို့မှ ဝိုင်းမော်မြို့၊ မိုင်းနားဖွံ့ဖြိုးရေးခြံသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ အင်ဂျန်းရမ်ကမြို့မှ ဝိုင်းမော်မြို့၊ မိုင်းနားဖွံ့ဖြိုးရေးခြံသို့ ပြောင်းရွှေ့လာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၆ ) စုမှ လူဦးရေ (၅၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ( ၃) ရက်စာဖိုး (၄၇၇၀၀) ကျပ်တိတိအား (၂၂-၁၂-၂၀၁၆ ) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်ဆောကျေးရွာမှ ကျောက်မဲမြို့၊ ကမ္ဘောဇရှမ်းကျောင်းသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နမ့်ဆောကျေးရွာမှ ကျောက်မဲမြို့၊ ကမ္ဘောဇရှမ်းကျောင်းသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၁) စုမှ လူဦးရေ (၁၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅၁) စုစာနှင့် ဆန်၃ရက်စာဘိုးငွေ (၁၄၁၃၀၀) ကျပ်တိတိအား (၁၈-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်သို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၂-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်သို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၀၈) စုမှ လူဦးရေ (၄၉၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃၀၈) စုစာနှင့် ဆန်၃ရက်စာဘိုးငွေ (၄၄၁၉၀၀) ကျပ်တိတိအား သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)









