Category Archives: News
-
ပင်လောင်းမြို့နယ်နှင့်ဆီဆိုင်မြို့နယ်များ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါး အန္တရာယ်ပညာပေးဟောပြောပွဲများပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၂-၂၀၁၇) ရက်နေ့၌ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမနှင့် ဆီဆိုင်မြို့နယ်စုပေါင်းခန်းမတို့၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောမှု၊ DAN Mobile Application အသုံးပြုနည်းများ၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးဟောပြောပွဲများ ပြုလုပ်ကျင်းပခဲ့ပြီး ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ NGO များ စုစုပေါင်းအင်အား (၁၂၀) ဦးခန့်နှင့် ဆီဆိုင်မြို့တွင် လူဦးရေစုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) ပင်လောင်းမြို့နယ်နှင့်ဆီဆိုင်မြို့နယ်များ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါး … Read more
-
ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရွာသူ/ရွာသား စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်ခရိုင်၊ တာချီ လိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ပွဲမြို့နယ်အဆင့်ကို (၂၄-၂-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃းဝ၀) နာရီတွင် ပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး ဘေးရှစ်မျိုးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ power point hangout ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့်ပက်သက်ပြီး ပြည်သူသို့ပန်ကြားချက်ဖြန့်ဝေခြင်း၊ DAN စတစ်ကာကပ်ပေးခြင်း၊ application ဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေး စာအုပ်များ Display … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ဝမ်လုံရွာ၌ (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၂၈,၈၀၀) ကျပ်၊ စုစုပေါင်း (၂၇၈,၈၀၀) ကျပ်တို့အား (၂၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လောင်းလုံးမြို့နယ်၊တောင်မင်းပြောင်ကျေးရွာ၌မီးဘေးဖြစ်ပွားမှုအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) ရက်နေ့တွင်လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာ၌ ဖြစ်ပွားသောမီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၀,၈၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၁၀,၈၀၀ိ/) ကျပ် တို့အား (၂၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာကျေးရွာ၌ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၃ -၂ -၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် အသုတ်မြို့ ပေါ်ရှိ ဖုန်းဆိုင်အရောင်းဆိုင်များတွင် DAN Mobile Application Software အားဖြန့်ဝေခြင်းနှင့် စတစ်ကာများကပ်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ Source : ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးငြိမ်းသတ်ရေး လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အထွထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စျေးသူ/ စျေးသားများနှင့် ပူးပေါင်း၍ (၂၃-၂-၂၀၁၇) ရက်နေ့၊ နံနက် (ဝ၇းဝ၀) အချိန်တွင် လပွတ္တာမြို့၊ အောင်ဇေယျစျေးကြီး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးငြိမ်းသတ်ရေးလက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် နံနက် (၀၈းဝ၀) အချိန်တွင် လပွတ္တာမြို့၊ ရတနာဒီပအားကစားကွင်း၌ မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရေးယာဉ်များနှင့်အတူ မီးငြိမ်သတ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက် ခဲ့ပြီး လပွတ္တာခရိုင်ဦးစီး မှူးရုံး (ကဆရ) မှ လည်း သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ တာငုတ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ဦးရေ (၁၁၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်ကော်ခရိုင်၊ ဖရှုဆိုမြို့နယ်၊ ဒီးဒါးကူး၌ (၁၆-၂-၂၀၁၇) ရက်နေ့တွင် လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် မီးဘေးသင့်် (၁) အိမ်ထောင်၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ Family Kit (၁) စုံ၊ ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၇,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀) ကျပ်တို့အား (၂၃-၂-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားလှယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှတဆင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
DAN Mobile Application Software အသုံးပြုပုံနှင့် ပတ်သက်၍ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) တွင် မောင်တောမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့သွားရောက်ကာ “DAN Mobile Application Software အသုံးပြုပုံ နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး DAN Mobile Application စတစ်ကာများ လိုက်လံကပ်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)









