Category Archives: News
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် လူနေအိမ်များပြုပြင်နိုင်ရန် မြို့နယ်အလိုက် အကြိုညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုြုဖင့် “လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် လူနေအိမ်များပြုပြင်နိုင်ရန် မြို့နယ်အလိုက် အကြိုညှိနှိုင်းအစည်းအဝေးပွဲ” များကို (၂၈-၂-၂၀၁၇) ရက်နေ့တွင် မြစ်သားမြို့၌လည်းကောင်း၊ (၁-၃-၂၀၁၇) ရက်နေ့တွင် ဝမ်းတွင်းမြို့၌လည်းကောင်း၊ (၃-၃-၂၀၁၇) ရက်နေ့တွင် စဉ့်ကိုင်မြို့၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IOM (International Organization for Migration) တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ (ပြည်နယ်အဆင့် အရာထမ်း/အမှုထမ်း) များအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ု ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းတက်ရောက်မည့်သင်တန်းသားဦးရေ (၂၇) ဦး စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ … Read more
-
လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၆-၃-၂၀၁၇ ) ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူ (၆၁) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၅-၃-၂၀၁၇) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅) လုံး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆီ၊ ဆန်၊ ရေသန့်၊ အဝတ်ထုပ်၊ Family Kits၊ ဆန်ရိက္ခာဖိုးငွေ (၁၁၉၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀) ကျပ်တိတိတို့အား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ (၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၅) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၅-၃-၂၀၁၇) ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၅) ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆီ၊ ဆန်၊ ရေသန့်၊ အဝတ်ထုပ်၊ Family Kits၊ ဆန်ရိက္ခာဖိုးငွေ (၅၂၅၀၀) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်တိတိတို့အား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ (၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးအုပ်စု အောက်ရွာကြီးကျေးရွာ ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ရုံးမှ တာဝန်ရှိသူများသည်အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးအုပ်စု၊ အောက်ရွာကြီးကျေးရွာ၌ (၅-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေး (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀၀/-) နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၆၀၀/-) တို့ကို ရပ်ကျေးအုပ်ချုပ်မှူး၊ စာရေးတို့နှင့်အတူ မီးဘေးဖြစ်ပွားရာ နေအိမ်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပျဉ်းမနားမြို့နယ် သပြေလှကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source; ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ) (၄-၃-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ် သပြေလှကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁၀) စုအတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၉၉၇၀၀) ကျပ်အား နေပြည်တော်၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြာင်း သိရှိရပါသည်။
-
ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ သပြေလှကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၄-၃-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၉) စုမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အဝတ်ဟောင်းထုပ်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၄-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ တီကျစ်မြို့၊ နောင်တရားမြို့နှင့် ပင်လောင်းမြို့များအတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုနည်းများနှင့် DAN Mobile Application Sticker များ ဖြန့်ဝေပေးမှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် တီကျစ်မြို့၊ နောင်တရားမြို့နှင့် ပင်လောင်းမြို့များအတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုနည်းများနှင့် လူစည်ကားသည့်နေရာများနှင့် ဖုန်းဆိုင်များ၌ DAN Mobile Application Sticker များ ဖြန့်ဝေပေးခြင်း၊ Sticker ကပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ချရေးဖိုရမ် ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် KBC (Karen Baptists Convention) နှင့်ပူးပေါင်း၍ ပထမအကြိမ်မြောက် သဘာဝ ဘေးအန္တရာယ်လျော့ချရေးဖိုရမ်ကို (၆-၃-၂၀၁၇) ရက်နေ့မှ (၇-၃-၂၀၁၇) ရက်နေ့ထိ (၂) ရက်ကြာ ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









