Category Archives: News
-
မောင်းသူမဲ့လေယာဉ် Unmanned Aerial Vehicle (UAV) or Drone ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းဆောင်ရည်များနှင့် အသုံးပြုပုံနည်းလမ်းများ ဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်မှုဗဟိုဌာန (EOC)၊ အဆောက်အဦအသစ်အစည်းအဝေး ခန်းမ၌ (၁၇-၃-၂၀၁၇) ရက်နေ့၊ (၁၃းဝ၀) နာရီအချိန်တွင် World Food Programme (WFP) မှ Mr.Opart Ongwandee (IT Officer)၊ Mr.Haidar Baqir (UAV Focal Person) နှင့် Information and Technology Operations Officer, WFP Myanmar မှတာဝန်ရှိသူတို့ ဦးဆောင်၍ “မောင်းသူမဲ့လေယာဉ် Unmanned Aerial Vehicle (UAV) or Drone … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဖြစ်ပွားသော ဖြစ်စဉ်များကြောင့် လောက်ကိုင်ရဲတပ်ဖွဲ့မှ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် (၆) ဦးနှင့် မှီခို (၂) ဦး၊ စုစုပေါင်း (၈) ဦးအတွက် (၁) ဦးလှျှှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်နှင့် လောက်ကိုင်ဒေသခံ တိုက်ပွဲရှောင်ထပ်တိုး အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာတို့အား (၁၇-၃-၂၀၁၇) ရက်နေ့တွင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်း၌ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စုတို့၌ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု (ကြို့ကုန်း၊ ချေပင်၊ ပျဉ်ကြီး) ကျေးရွာတို့၌ (၉-၃-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၅) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ခဲ့ပြီး အဆိုပါ လူနေအိမ် (၅) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၂၀,၀၀၀) ကျပ်နှင့် ပြိုလဲလူနေအိမ် (သက္ကယ်မိုး) (၁) လုံးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့၌ (၃-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၉၀၀) ကျပ်နှင့် ခတ်ချိုကျေးရွာ၌ (၈-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြု အမှတ်တရအဖြစ် သဘာဝဘေးလျော့ပါး ရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းအား မန္တလေးဗြဟ္မစိုလ်အသင်းကြီး၌ (၁၇-၃-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်း မှာ (၁၇-၃-၂၀၁၇) မှ (၁၉-၃-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၁) ဦးတက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဗန်းမော်မြို့၊ ကံသာကျေးရွာ၌ မြစ်ရေတိုက်စား၍ ကမ်းပါပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဗန်းမော်မြို့၊ ကံသာကျေးရွာ၌ မြစ်ရေတိုက်စား၍ ကမ်းပါပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၂) စုအတွက် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာနှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၈၀၀) ကျပ်တိတိတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီခရိုင်ဦးစီးမှူးရုံး၌ (၁၄-၃-၂၀၁၇) ရက်နေ့မှ (၁၆-၃-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဖြစ်ပွားသော ဖြစ်စဉ်များကြောင့် လားရှိုးမြို့ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသော လောက်ကိုင်ဒေသခံ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၄) အိမ်ထောင်စုစာအား (၁၆-၃-၂၀၁၇) ရက်နေ့တွင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစာများနှင့် နံရံကပ်ပိုစတာများလည်း ဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှလည်း မီးသတ်ဆေးဘူးဖွင့်ပြီး မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









