Category Archives: News
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၉-၄-၂၀၁၇) ရက်နေ့ (၀၉၃ဝ)နာရီအချိန်တွင် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးသတိပေး ဆိုင်းဘုတ်ဗီနိုင်စိုက်ထူခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကသာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာနေပြည်သူ (၆၀) ဦးခန့် အား (၂၉-၄-၂၀၁၇)နေ့ (၁ဝဝ၀)အချိန်မှ(၁၁၄၅)အချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မိုးသီးဘေးအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကတ်ဖကျေးရွာအုပ်စု၊ ဝမ်ဆိုင်းလွယ်ရွာ မိုးသီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ (၂၀)အတွက် အလူဇင့်သွပ် (၄၀၀) ချပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၃)သိန်းအား (၂၈-၄-၂၀၁၇) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံ ပရဟိတဂေဟာ၌ (၂၈-၄-၂၀၁၇)ရက်နေ့က သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဂေဟာသို့ အဝတ်ထုပ်နှင့် ခေါက်ဆွဲခြောက်များထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကသာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမောက်မြို့နယ်ရှိ ရပ်ကွက်\ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထောက်အကူပြုကော်မတီဝင် စုစုပေါင်း (၇၉) ဦးကို( ၂၈-၄-၂၀၁၇)နေ့ (၀၉ဝ၀)အချိန်မှ( ၁၆ဝ၀)အချိန်အထိ ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးဦးဆောင်သော အမှုထမ်း/အရာထမ်းများသည် (၂၈-၄-၂၀၁၇)ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ ဆထ္ကိုးပေါက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ရေဘေးကြိုတင်ပြင်ဆင်ရေး ဇာတ်တိုက်လှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် အကြိုကွင်းဆင်းလျက် ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကျေးရွာ၏သဘာဝဘေးနှင့်ပတ်သက်ပြီး အားနည်းချက် အားသာချက်များကို လေ့လာကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မုန်တိုင်းဘေးကြိုပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးဦးဆောင်သည့် အဖွဲ့သည် စစ်တွေမြို့နယ်၊ ချောင်းငယ်မင်းဂံကျေးရွာတွင် မုတ်သုန်အကြိုကာလအတွင်း မုန်တိုင်းဘေးကြိုတင်ပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် (၂၉-၄-၂၀၁၇)ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးရွာများတွင် အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းစုကျေးရွာ၊ ကျောင်းစုဘုန်းတော်ကြီး သင်ပညာရေး ပရဟိတဂေဟာနှင့် ပြင်ကြီးသီလရှင်သင်ပညာရေးကျောင်းများတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများပြုလုပ်ပြီး အဝတ်များနှင့် ခေါက်ဆွဲခြောက်များလည်း လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
-
၂၈-၄-၂၀၁၇ ရက်နေ့ ထုတ်ပြန်ချက် ၂၀၁၇ ခုနှစ်၊ မေလ ပထမ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ မေလ ပထမ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်-
-
၂၈-၄-၂၀၁၇ ရက်နေ့ထုတ်ပြန်ချက် ၂၀၁၇ ခုနှစ်၊ မေလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ မေလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်-









