Category Archives: News
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံစားကြရသည့် မြို့နယ်များသို့ ၇-ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပ့ံပေးမှုသတင်း
၁၈-၇-၂၀၁၇ (အင်္ဂါနေ့) တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးလိုက်ပါလျက် သက်ဆိုင်ရာဒေသများရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံစားကြရသည့် မြို့နယ်များသို့ ၇-ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပ့ံပေးခဲ့ရာ ရေစကြိုမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၅၁၄) စုမှ လူဦးရေ (၅၇၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၀၂၆,၇၀၀) ကျပ်အားလည်းကောင်း၊ ပခုက္ကူမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၂၈၇၄) စုမှ လူဦးရေ (၁၁၄၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄,၀၃၆,၆၀၀) ကျပ်အားလည်းကောင်း၊ ချောက်မြို့နယ်ရှိ … Read more
-
ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ကမ်းနားလမ်း၌ (၁၇-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၃:၀၀) နာရီအချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၆) ခန်းတွဲ တန်းလျား အမိုးလန်ပျက်စီးခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၆) စုစာအား (၁၇-၇-၂၀၁၇) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဖလမ်းမြို့ တလန်လိုရပ်ကွက်၌ မြေပြိုမှုကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
(၁၄-၇-၂၀၁၇) ရက်နေ့၊ (၀၆းဝ၀) နာရီအချိန်တွင် ဖလမ်းမြို့ တလန်လိုရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆) သိန်း၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀) ကျပ် စုစုပေါင်း (၆၂၇၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၁၆-၇-၂၀၁၇) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖလမ်းမြို့ တောင်ဇလပ်ခန်းမသို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ပမှ ပြန်လည် ဝင်ရောက်လာသော အလုပ်သမားများအတွက် နိုင်ငံအတွင်း အလုပ် အကိုင်အခွင့်အလမ်း ပိုမိုဖော်ဆောင်ရေးဆွေးနွေးမှုသတင်း
ရန်ကုန်၊ ၁၇.၇.၂၀၁၇ မသန်စွမ်းသူများအတွက် ၎င်းတို့၏ရပ်တည်မှု၊ စွမ်းဆောင် ရည်မြှင့်တင်မှုနှင့် ပါဝင်ဆောင်ရွက်နိုင်မှုတို့အတွက် နိုင်ငံံတော်က ဥပဒေ၊ နည်းဥပဒေ များနှင့် အမျိုးသားအဆင့်ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိရာ မသန်စွမ်းသူများ တက်ကြွစွာဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့ အစည်းများကိုလည်းပံ့ပိုးကူညီရန် နိုင်ငံတော်က အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Light House Learning Centre For Children with Special Needs တည်ထောင်ဆောင်ရွက်နေသောကျောင်းအုပ် ဒေါ်ရီဝေလင်းနှင့်အဖွဲ့အား ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏမြို့နယ်၊ ရွှေခဲအင်း (အ.ထ.က) ခွဲကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၂၈၀) ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောပို့ချခဲ့ပြီး မိုးကြိုးဘေး၊ ငလျင်ဘေးတို့ ကြုံတွေ့ရပါက လုပ်ဆောင်ရမည့်နည်းလမ်းများအား သရုပ်ပြရှင်းလင်းခဲ့ပြီး လက်တွေ့လုပ်ဆောင်သရုပ်ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဗလာစာအုပ်များ၊ ဘောလ်ပင်များ၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာများကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ခန္တီးမြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ခန္တီးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ် ဇူလိုင်လရေကြီးမှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေကြရသော ကျေးရွာ (၂၀) မှ အိမ်ထောင်စု (၂၃၄) စုအတွက် အိမ်ထောင်စု (၁) စုလျှင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၀၀၀၀) ကျပ်နှုန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန် ၅ ပြည်နှုန်း၊ NLD ပါတီမှ ဆန် ၂ ပြည်၊ ခေါက်ဆွဲခြောက် ၂ ထုပ်စီနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၄၆၈၀၀၀) ကျပ်တန်ဖိုးရှိ ဆီ ၅၀ သားနှင့် ဆား ၅၀ သားစီ၊ … Read more
-
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၁၆-၇-၂၀၁၇) ရက်နေ့၌ ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ကျား (၇၄) ဦး၊ မ (၃၈) ဦး၊ ကလေး (၅) ဦး စုစုပေါင်း (၁၁၇) ဦးတို့အား သက်ဆိုင်ရာအဖွဲ့တို့နှင့်အတူကြိုဆိုပြီး နေရပ်ပြန်ရန် ကားခမပါရှိသူ (၇) ဦးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၁၇၂,၀၀၀) ကျပ်တို့အား ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)









