(၁၆-၇-၂၀၁၇) ရက်နေ့၌ ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ကျား (၇၄) ဦး၊ မ (၃၈) ဦး၊ ကလေး (၅) ဦး စုစုပေါင်း (၁၁၇) ဦးတို့အား သက်ဆိုင်ရာအဖွဲ့တို့နှင့်အတူကြိုဆိုပြီး နေရပ်ပြန်ရန် ကားခမပါရှိသူ (၇) ဦးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၁၇၂,၀၀၀) ကျပ်တို့အား ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)