Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြို မြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာ၌ (၉-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စား မှုကြောင့် ကမ်းပြိုမှု ဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈,၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်နှင့် ဆင်ခြေယာကျေးရွာ အုပ်စု၊ ဇရပ်နီကျေးရွာ၌ … Read more
-
ဆွန်းဆန်စိမ်းလောင်းလှူ ပွဲသို့တက်ရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁.၈.၂၀၁၇) ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါတွင်းကာလ လပြည့်/လကွယ်နေ့များ၌ ဆွန်းဆန်စိမ်းလောင်းလှူပွဲသို့တက်ရောက် ဆွန်းဆန်စိမ်းလောင်းလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁.၈.၂၀၁၇) ရက်နေ့ မိုင်းဖြတ်မြို့နယ်၊ဝမ်မိုင်ရပ်ကွက်ရှိလူဦးရေ (၈၅) ဦးအား သဘာဝဘေးအသိပညာပေးအသိပညာပေး ဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)
-
နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ (၁၄)၊ ဗက်လက်ဘုရားကျောင်းသို့ မိုးကောင်းမြို့၊ ခါနန်ကျေးရွာအုပ်စုမှ နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၅၄) ဦးတို့သည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် ပမ္မတီးရပ်ကွက်၊ နယ်မြေ(၄)ရှိ ဧဝံဂေလိဘုရားကျောင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး ထပ်တိုးအိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀) ကျပ်တိတိအား (၂၁-၈-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၇) ရက်နေ့တွင် မိုင်းဟဲကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ ရွာသူ/ရွာသား (၄၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည် Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မယင်းကြီးကျေးရွာ၌ မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်မှုသတင်း
(၁၈-၈-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မယင်းကြီးကျေးရွာ၌ မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာ မြို့နယ်သဘာဝဘေးကော်မတီနှင့် ကြက်ခြေနီ၊ မီးသတ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ အရေးပေါ်လူနာတင်ကားအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရွာသူရွာသားများ အင်အား (၂၀၀) ဦးကျော် ပါဝင်၍ လက်တွေ့လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀.၈.၂၀၁၇) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ၊ ကွမ်းခြံကုန်းကျေးရွာမှပြည်သူလူထု(၁၀၀)ဦး တို့်အား တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး(သန်လျင်)တွင်သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာ၊ ဗဟုသုတများအား မျှဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









